[Zawgyi]

Xiaomi က CC Series မ်ားရဲ႕ ပထမဆံုး ဖုန္းမ်ား ျဖစ္တဲ့ Mi CC9 , Mi CC9e နဲ႔ Mi CC9 Meitu Edition မ်ားကို ေၾကညာလိုက္ပါတယ္။ ဆဲလ္ဖီးနဲ႔ ဘက္ထရီမ်ားကို အသားေပးထားပါတယ္။

Mi CC9

Mi CC9 မွာ ၆.၃၉ လက္မ Super AMOLED Display (1080×2340) , Snapdragon 710 , Triple Rear Camera မ်ားပါပါတယ္။ ေရွာင္မီက 32MP f/2.0 Selfie Camera ဟာ သူ႔အတန္းထဲမွာ အေကာင္းဆံုးလို႔ ေျပာပါတယ္။ Waterdrop Notch နဲ႔ UD Fingerprint Scanner မ်ား ပါပါတယ္။ သင့္ရုပ္နဲ႔ တူတဲ့ Animated Avatars မ်ား ဖန္တီးေပးတဲ့ Mimoji ပါပါတယ္။ အလင္းေရာင္နည္းပါးတဲ့ အခ်ိန္မ်ားမွာ အေရွ႕ ကင္မရာကေန ေနာက္ခံမႈန္၀ါးတဲ့ ဓါတ္ပံုေကာင္းမ်ား ရိုက္ကူးေပးႏိုင္တဲ့ AI Portrait Mode ပါပါတယ္။

အေရွ႕နဲ႔ အေနာက္ကို ဖန္နဲ႔ ဖံုးအုပ္ထားၿပီး အလယ္မွာ သတၱဳကိုယ္ထည္ ထည့္ထားပါတယ္။ အေနာက္ဘက္ဟာ အလင္းေရာင္ က်ေရာက္မႈအေပၚ မူတည္ၿပီး အေရာင္ေျပာင္းတဲ့ ဒီဇိုင္းပါ။ အေနာက္ဘက္မွာ 48MP F/1.8 Main Camera, 8MP Ultrawide Unit နဲ႔  2MP Depth Sensor မ်ား ပါပါတယ္။ Android Pie အေျချပဳ MIUI 10 ၊ 18W Fast Charging ပါတဲ့ 4030mAh Battery ၊ NFC ၊ IR Port နဲ႔ နားၾကပ္ေပါက္မ်ား ပါပါတယ္။

ဇူလိုင္လ ၅ ရက္မွာ ေရာင္းခ်မွာပါ။ အျဖဴ၊ အျပာနဲ႔ အနက္ေရာင္မ်ား ထုတ္လုပ္ထားပါတယ္။ 6/64GB ကို ၂၆၀ ေဒၚလာနဲ႔ 6/128GB ကို ၂၉၀ ေဒၚလာ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၃၉၀ ၀၀၀ နဲ႔ ၄၄၀ ၀၀၀ ၀န္းက်င္က်သင့္မွာပါ။

Mi CC9e

E ရဲ႕ အရွည္က Essential Edition ျဖစ္ပါတယ္။ သူဟာ CC9 ထက္ အရြယ္ေသးသြားတာကလြဲၿပီး CC9 ရဲ႕ အဓိက လုပ္ေဆာင္ခ်က္မ်ား ပါတယ္လို႔ ေရွာင္မီက ေျပာပါတယ္။ အေရွ႕နဲ႔ အေနာက္ကင္မရာမ်ားက တူညီပါတယ္။ ဒါေပမယ့္ မ်က္ႏွာျပင္ဟာ ၆ လက္မ 1560x720p ျဖစ္ပါတယ္။ AMOLED ကိုပဲ သံုးထားပါတယ္။ အဓိက ကြာျခားခ်က္တစ္ခုက CC9e မွာ Snapdragon 665 အသစ္ပါတာပါ။

4GB/64GB, 6GB/64GB နဲ႔ 6GB/128GB မ်ားထုတ္လုပ္ထားၿပီး တန္ဖုိးအနည္းဆံုးဟာ ၁၈၉ ေဒၚလာနဲ႔ အမ်ားဆံုးက ၂၃၂ ေဒၚလာ ျဖစ္ပါတယ္။ ျမန္မာေငြ ၂၈၀ ၀၀၀ နဲ႔ ၃၅၀ ၀၀၀ ၀န္းက်င္ အသီးသီး က်သင့္မွာပါ။

Xiaomi CC9 Meitu Edition

သူက CC9 နဲ႔ တူညီပါတယ္။ ဒါေပမယ့္ ေရွာင္မီ ၂၀၁၈ ခုႏွစ္က ၀ယ္ယူထားတဲ့ Meitu Team က ကင္မရာမ်ားကို ဆန္းသစ္ထားပါတယ္။ သူ႔ကို ဘေလာ့ဂါမ်ားအတြက္ ရည္ရြယ္ထားၿပီး AI Low Light Portrait Mode , Movie Portrait နဲ႔ Full Body Beauty Filters မ်ား ပါပါတယ္။ Video Stabilization ပါတဲ့ အထူး Vlog Mode ပါပါတယ္။ အျခား Specs မ်ားက CC9 နဲ႔ တူပါတယ္။ ပုလဲျဖဴ အေရာင္ထုတ္လုပ္ထားၿပီး ၃၇၈ ေဒၚလာ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၅၇၀ ၀၀၀ ၀န္းက်င္ က်သင့္ႏိုင္ပါတယ္။

Ref : gsmarena

[Unicode]

Selfies အသားပေး Xiaomi Mi CC9 , CC9e နဲ့ CC9 Meitu Edition ကို ကြေညာ

Xiaomi က CC Series များရဲ့ ပထမဆုံး ဖုန်းများ ဖြစ်တဲ့ Mi CC9 , Mi CC9e နဲ့ Mi CC9 Meitu Edition များကို ကြေညာလိုက်ပါတယ်။ ဆဲလ်ဖီးနဲ့ ဘက်ထရီများကို အသားပေးထားပါတယ်။

Mi CC9
Mi CC9 မှာ ၆.၃၉ လက်မ Super AMOLED Display (1080×2340) , Snapdragon 710 , Triple Rear Camera များပါပါတယ်။ ရှောင်မီက 32MP f/2.0 Selfie Camera ဟာ သူ့အတန်းထဲမှာ အကောင်းဆုံးလို့ ပြောပါတယ်။ Waterdrop Notch နဲ့ UD Fingerprint Scanner များ ပါပါတယ်။ သင့်ရုပ်နဲ့ တူတဲ့ Animated Avatars များ ဖန်တီးပေးတဲ့ Mimoji ပါပါတယ်။ အလင်းရောင်နည်းပါးတဲ့ အချိန်များမှာ အရှေ့ ကင်မရာကနေ နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံကောင်းများ ရိုက်ကူးပေးနိုင်တဲ့ AI Portrait Mode ပါပါတယ်။


အရှေ့နဲ့ အနောက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး အလယ်မှာ သတ္တုကိုယ်ထည် ထည့်ထားပါတယ်။ အနောက်ဘက်ဟာ အလင်းရောင် ကျရောက်မှုအပေါ် မူတည်ပြီး အရောင်ပြောင်းတဲ့ ဒီဇိုင်းပါ။ အနောက်ဘက်မှာ 48MP F/1.8 Main Camera, 8MP Ultrawide Unit နဲ့ 2MP Depth Sensor များ ပါပါတယ်။ Android Pie အခြေပြု MIUI 10 ၊ 18W Fast Charging ပါတဲ့ 4030mAh Battery ၊ NFC ၊ IR Port နဲ့ နားကြပ်ပေါက်များ ပါပါတယ်။

ဇူလိုင်လ ၅ ရက်မှာ ရောင်းချမှာပါ။ အဖြူ၊ အပြာနဲ့ အနက်ရောင်များ ထုတ်လုပ်ထားပါတယ်။ 6/64GB ကို ၂၆၀ ဒေါ်လာနဲ့ 6/128GB ကို ၂၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၉၀ ၀၀၀ နဲ့ ၄၄၀ ၀၀၀ ဝန်းကျင်ကျသင့်မှာပါ။

Mi CC9e
E ရဲ့ အရှည်က Essential Edition ဖြစ်ပါတယ်။ သူဟာ CC9 ထက် အရွယ်သေးသွားတာကလွဲပြီး CC9 ရဲ့ အဓိက လုပ်ဆောင်ချက်များ ပါတယ်လို့ ရှောင်မီက ပြောပါတယ်။ အရှေ့နဲ့ အနောက်ကင်မရာများက တူညီပါတယ်။ ဒါပေမယ့် မျက်နှာပြင်ဟာ ၆ လက်မ 1560x720p ဖြစ်ပါတယ်။ AMOLED ကိုပဲ သုံးထားပါတယ်။ အဓိက ကွာခြားချက်တစ်ခုက CC9e မှာ Snapdragon 665 အသစ်ပါတာပါ။

4GB/64GB, 6GB/64GB နဲ့ 6GB/128GB များထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံးဟာ ၁၈၉ ဒေါ်လာနဲ့ အများဆုံးက ၂၃၂ ဒေါ်လာ ဖြစ်ပါတယ်။ မြန်မာငွေ ၂၈၀ ၀၀၀ နဲ့ ၃၅၀ ၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာပါ။

Xiaomi CC9 Meitu Edition


သူက CC9 နဲ့ တူညီပါတယ်။ ဒါပေမယ့် ရှောင်မီ ၂၀၁၈ ခုနှစ်က ဝယ်ယူထားတဲ့ Meitu Team က ကင်မရာများကို ဆန်းသစ်ထားပါတယ်။ သူ့ကို ဘလော့ဂါများအတွက် ရည်ရွယ်ထားပြီး AI Low Light Portrait Mode , Movie Portrait နဲ့ Full Body Beauty Filters များ ပါပါတယ်။ Video Stabilization ပါတဲ့ အထူး Vlog Mode ပါပါတယ်။ အခြား Specs များက CC9 နဲ့ တူပါတယ်။ ပုလဲဖြူ အရောင်ထုတ်လုပ်ထားပြီး ၃၇၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅၇၀ ၀၀၀ ဝန်းကျင် ကျသင့်နိုင်ပါတယ်။

Ref : gsmarena