Zawgyi

Xiaomi ရဲ႕ အခုတေလာ အႀကီးအက်ယ္ Tease လုပ္ေနခဲ့တဲ့ Mi CC9 Pro ဖုန္းကေတာ့ တရုတ္ႏုိင္ငံတြင္းမွာ တရားဝင္မိတ္ဆက္လာခဲ့ပါၿပီ။ Teaser ေတြမွာျမင္ခဲ့ရတဲ့အတုိင္းပဲ ေနာက္ဘက္မွာ ကင္မရာငါးလုံး (Penta-camera) နဲ႔ အဓိက Sensor က 108MP ျဖစ္ပါတယ္။

Mi CC9 Pro မွာ Snapdragon 730G ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး Display က 6.47” လက္မ Super AMOLED Panel ကို 19.5:9 ျမင္ကြင္းအခ်ဳိးနဲ႔ပါ။ Display က Curved Edge ေတြ ပါဝင္ၿပီး Waterdrop Notch ေလးထဲမွာ 32MP Selfie ကင္မရာတစ္ခုထည့္သြင္းထားတယ္။

Xiaomi Mi CC9 Pro ရဲ႕ အာရုံစုိက္မႈအခံရဆုံးေနရာဟာ ေနာက္ဘက္ကင္မရာေတြဆုိတာ ေျပာစရာေတာင္ လိုမယ္ မထင္ပါဘူး။ Lens ငါးခုနဲ႔ LED Flash ေလးခုေတာင္ပါဝင္တဲ့ ကင္မရာအပုိင္းဟာ မတူညီတဲ့ စမတ္ဖုန္းပရိသတ္ေတြအတြက္ ဘာပဲလုိလုိ အကုန္ျဖည့္ဆည္းေပးႏုိင္ေလာက္တယ္လို႔ ဆုိႏုိင္ပါတယ္။ 108MP ကင္မရာကေတာ့ Samsung ISOCELL Bright HMX Sensor အသစ္ျဖစ္ၿပီး ကုိရီးယားကုမၸဏီ Samsung နဲ႔ပူးတြဲထုတ္လုပ္ထားကာ Mi Mix Alpha စမတ္ဖုန္းမွာ ျမင္ေတြ႕ခဲ့ရၿပီးျဖစ္ပါတယ္။

ဒါ့အျပင္ Premium Edition မွာ f/1.7 8P Lens ပါဝင္တဲ့ ဗားရွင္းလည္း ရွိေသးတယ္ဆုိၿပီး Xiaomi က ဂုဏ္ယူစြာ ေၾကညာခဲ့ပါတယ္။ ဒါဟာ Mi CC9 Pro ကို ကမာၻေပၚမွာ ဒီလို Lens မ်ဳိး ပထမဆုံးစတင္အသုံးျပဳလာတဲ့ စမတ္ဖုန္း အျဖစ္ မွတ္တမ္းတင္ေစႏုိင္ခဲ့တယ္။

OIS စနစ္ပါဝင္တဲ့ Telephoto ကင္မရာကလည္း 5x Optical Zoom ေထာက္ပ့ံေပးႏုိင္ၿပီး Digital Zoom နဲ႔ဆုိရင္ 50x ထိ ပုံရိပ္ကို ခ်ဲ႕ထြင္ေပးႏုိင္တယ္ဆုိတာ Tease လုပ္ၿပီးသားပါ။ ေနာက္ထပ္ကင္မရာေတြကေတာ့ 20MP Ultrawide ကင္မရာ၊ အေသးဆုံးျဖစ္တဲ့ အနီးကပ္ရုိက္ကူးမႈအတြက္ Macro ကင္မရာ တုိ႔အျပင္ Portrait အတြက္ ျမင္ေနၾက 2MP Depth Sensor မသုံးဘဲ ေနာက္ထပ္ 12MP Telephoto တစ္လုံးကို ထပ္ထည့္သြင္းေပးထားပါေသးတယ္။ သူကေတာ့ 2X Zoom နဲ႔ပါ။

Mi CC9 Pro မွာ အထင္ႀကီးေလာက္စရာ 5,260 mAh ဘကၳရီႀကီးပါဝင္ၿပီး နာရီဝက္အားသြင္းရင္ 58% နဲ႔ 100% ေရာက္ဖို႔ ၆၅ မိနစ္သာ ၾကာေစမယ့္ 30W PD Fast Charging စနစ္လည္း ပါဝင္ပါတယ္။ စက္ႏွင္စနစ္က Android 9 ကုိပဲ အေျခခံထားတဲ့ MIUI 11 ျဖစ္ပါတယ္။

ႏုိင္ငံတကာေစ်းကြက္ကို Mi Note 10 အမည္နဲ႔ ထြက္ရွိလာမယ့္ Mi CC9 Pro ဖုန္းဟာ Aurora Green, Glacier White နဲ႔ Midnight Black ဆုိၿပီး သုံးမ်ဳိးထြက္လာမွာပါ။ သူ႕ရဲ႕ေစ်းႏႈန္းေတြကေတာ့ 6GB RAM/128GB Storage ေမာ္ဒယ္အတြက္ တရုတ္ယြမ္ ၂၇၉၉ (ျမန္မာေငြေျခာက္သိန္းခန္႔) နဲ႔ 8/256GB ေမာ္ဒယ္အတြက္ တရုတ္ယြမ္ ၃၀၉၉ (ေျခာက္သိန္းခုနစ္ေသာင္းက်ပ္) သတ္မွတ္လာပါတယ္။ 8P Lens နဲ႔ Premium Edition ဆုိရင္ေတာ့ 8/256GB ကို ယြမ္ ၃၄၉၉ (ျမန္မာေငြ ခုနစ္သိန္းေျခာက္ေသာင္းခန္႔) က်သင့္မွာျဖစ္ပါတယ္။ မၾကာခင္ရက္ပုိင္းအတြင္း ႏုိင္ငံတကာေစ်းကြက္မွာလည္း မိတ္ဆက္လာမွာျဖစ္လို႔ ေစ်းႏႈန္းနဲ႔ Specs အေျပာင္းအလဲ ရွိလား ဆုိတာကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSM Arena

Unicode

Xiaomi ရဲ့ အခုတလော အကြီးအကျယ် Tease လုပ်နေခဲ့တဲ့ Mi CC9 Pro ဖုန်းကတော့ တရုတ်နိုင်ငံတွင်းမှာ တရားဝင်မိတ်ဆက်လာခဲ့ပါပြီ။ Teaser တွေမှာမြင်ခဲ့ရတဲ့အတိုင်းပဲ နောက်ဘက်မှာ ကင်မရာငါးလုံး (Penta-camera) နဲ့ အဓိက Sensor က 108MP ဖြစ်ပါတယ်။

Mi CC9 Pro မှာ Snapdragon 730G ချစ်ပ်ဆက်ကို အသုံးပြုထားပြီး Display က 6.47” လက်မ Super AMOLED Panel ကို 19.5:9 မြင်ကွင်းအချိုးနဲ့ပါ။ Display က Curved Edge တွေ ပါဝင်ပြီး Waterdrop Notch လေးထဲမှာ 32MP Selfie ကင်မရာတစ်ခုထည့်သွင်းထားတယ်။

Xiaomi Mi CC9 Pro ရဲ့ အာရုံစိုက်မှုအခံရဆုံးနေရာဟာ နောက်ဘက်ကင်မရာတွေဆိုတာ ပြောစရာတောင် လိုမယ် မထင်ပါဘူး။ Lens ငါးခုနဲ့ LED Flash လေးခုတောင်ပါဝင်တဲ့ ကင်မရာအပိုင်းဟာ မတူညီတဲ့ စမတ်ဖုန်းပရိသတ်တွေအတွက် ဘာပဲလိုလို အကုန်ဖြည့်ဆည်းပေးနိုင်လောက်တယ်လို့ ဆိုနိုင်ပါတယ်။ 108MP ကင်မရာကတော့ Samsung ISOCELL Bright HMX Sensor အသစ်ဖြစ်ပြီး ကိုရီးယားကုမ္ပဏီ Samsung နဲ့ပူးတွဲထုတ်လုပ်ထားကာ Mi Mix Alpha စမတ်ဖုန်းမှာ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။

ဒါ့အပြင် Premium Edition မှာ f/1.7 8P Lens ပါဝင်တဲ့ ဗားရှင်းလည်း ရှိသေးတယ်ဆိုပြီး Xiaomi က ဂုဏ်ယူစွာ ကြေညာခဲ့ပါတယ်။ ဒါဟာ Mi CC9 Pro ကို ကမ္ဘာပေါ်မှာ ဒီလို Lens မျိုး ပထမဆုံးစတင်အသုံးပြုလာတဲ့ စမတ်ဖုန်း အဖြစ် မှတ်တမ်းတင်စေနိုင်ခဲ့တယ်။

OIS စနစ်ပါဝင်တဲ့ Telephoto ကင်မရာကလည်း 5x Optical Zoom ထောက်ပံ့ပေးနိုင်ပြီး Digital Zoom နဲ့ဆိုရင် 50x ထိ ပုံရိပ်ကို ချဲ့ထွင်ပေးနိုင်တယ်ဆိုတာ Tease လုပ်ပြီးသားပါ။ နောက်ထပ်ကင်မရာတွေကတော့ 20MP Ultrawide ကင်မရာ၊ အသေးဆုံးဖြစ်တဲ့ အနီးကပ်ရိုက်ကူးမှုအတွက် Macro ကင်မရာ တို့အပြင် Portrait အတွက် မြင်နေကြ 2MP Depth Sensor မသုံးဘဲ နောက်ထပ် 12MP Telephoto တစ်လုံးကို ထပ်ထည့်သွင်းပေးထားပါသေးတယ်။ သူကတော့ 2X Zoom နဲ့ပါ။

Mi CC9 Pro မှာ အထင်ကြီးလောက်စရာ 5,260 mAh ဘက္ထရီကြီးပါဝင်ပြီး နာရီဝက်အားသွင်းရင် 58% နဲ့ 100% ရောက်ဖို့ ၆၅ မိနစ်သာ ကြာစေမယ့် 30W PD Fast Charging စနစ်လည်း ပါဝင်ပါတယ်။ စက်နှင်စနစ်က Android 9 ကိုပဲ အခြေခံထားတဲ့ MIUI 11 ဖြစ်ပါတယ်။

နိုင်ငံတကာဈေးကွက်ကို Mi Note 10 အမည်နဲ့ ထွက်ရှိလာမယ့် Mi CC9 Pro ဖုန်းဟာ Aurora Green, Glacier White နဲ့ Midnight Black ဆိုပြီး သုံးမျိုးထွက်လာမှာပါ။ သူ့ရဲ့ဈေးနှုန်းတွေကတော့ 6GB RAM/128GB Storage မော်ဒယ်အတွက် တရုတ်ယွမ် ၂၇၉၉ (မြန်မာငွေခြောက်သိန်းခန့်) နဲ့ 8/256GB မော်ဒယ်အတွက် တရုတ်ယွမ် ၃၀၉၉ (ခြောက်သိန်းခုနစ်သောင်းကျပ်) သတ်မှတ်လာပါတယ်။ 8P Lens နဲ့ Premium Edition ဆိုရင်တော့ 8/256GB ကို ယွမ် ၃၄၉၉ (မြန်မာငွေ ခုနစ်သိန်းခြောက်သောင်းခန့်) ကျသင့်မှာဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်း နိုင်ငံတကာဈေးကွက်မှာလည်း မိတ်ဆက်လာမှာဖြစ်လို့ ဈေးနှုန်းနဲ့ Specs အပြောင်းအလဲ ရှိလား ဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena