[Zawgyi]

Xiaomi က Mi CC9 Pro ရဲ႕ အေနာက္ဘက္ ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္ရဲ႕ ေထာင့္စြန္းအေကြး ဒီဇိုင္းေတြကို ျပသခဲ့ၿပီးပါၿပီ။ အခုေတာ့ အေရွ႕ဘက္ ဒီဇိုင္းကို ထင္ထင္ရွားရွား ျမင္ရတဲ့ ဗီဒီယို ၁ ခုကို မွ်ေ၀လိုက္ၿပီး Waterdrop Notch ပါမွာ ေသခ်ာသြားပါၿပီ။ ဗီဒီယိုမွာ အစိမ္းေရာင္နဲ႔ ပုလဲျဖဴေရာင္ေတြကို ျမင္ရပါတယ္။ အဲဒီ ဖုန္းကို တရုတ္ ျပင္ပမွာ Mi Note 10 နာမည္နဲ႔ ေရာင္းခ်မွာပါ။

တရုတ္ လူမႈကြန္ရက္မွာလည္း အဲဒီ ဖုန္းရဲ႕ ပရိုမို ပိုစတာေတြကို မွ်ေ၀ေနပါတယ္။ ပံုေတြအရ 5G ဆက္သြယ္မႈ ပါမယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ Xiaomi က သံုးမယ့္ Chipset အေၾကာင္းကို မေျပာေသးပါဘူး။ သတင္းထြက္ေနတဲ့ Snapdragon 730G ပါမယ္ဆိုရင္ေတာ့ Mi CC9 Pro မွာ 5G ပါမွာ မဟုတ္ပါဘူး။

Xiaomi က Samsung ရဲ႕ 108MP Sensor ပါတဲ့ တကယ့္ အလန္းစား ကင္မရာ ဖုန္းလို႔ ညႊန္းေနပါတယ္။ 5x Telephoto Lens လည္း ပါလာမွာ ျဖစ္ၿပီး 50x Hybrid Zoom အထိ ေထာက္ပံ့ထားမွာပါ။ 20MP Wide-angle Camera က ၁၁၇ ဒီဂရီ ျမင္ကြင္းက်ယ္ ပံုေတြ ဖမ္းယူေပးမွာပါ။ ၁.၅ စင္တီမီတာ အကြာကေန အလန္းစား ပံုေတြ ရိုက္ေပးမယ့္ Macro Sensor လည္း ထည့္ထားမွာပါ။

Xiaomi Mi CC9 Pro မွာ ကင္မရာ ၅ လံုးပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ Nokia 9 PureView မွာလို ကင္မရာေတြကို စက္၀ိုင္းပံု တပ္ဆင္ထားတာ မဟုတ္ဘဲ ေဒါင္လိုက္ ထည့္သြင္းထားတာျမင္ရပါတယ္။ Sensor ၃ လံုးကို အတူတကြ ပူးတြဲ တပ္ဆင္ထားၿပီး အရြယ္ႀကီး 108MP Sensor ကိုေတာ့ သီးျခား ခြဲထုတ္ထားပါတယ္။ ၅ လံုးေျမာက္ ကင္မရာက ToF Sensor ျဖစ္ႏိုင္ၿပီး တျခား ကင္မရာေတြနဲ႔ ခြဲထုတ္ထားပါတယ္။ ႏုိ၀င္ဘာလ ၅ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Xiaomi Mi CC9 Pro ရဲ့ ရှေ့/နောက် ဒီဇိုင်းကို သေချာမြင်ရမယ့် Teaser ဗီဒီယို ထွက်ပေါ်

Xiaomi က Mi CC9 Pro ရဲ့ အနောက်ဘက် ဒီဇိုင်းနဲ့ မျက်နှာပြင်ရဲ့ ထောင့်စွန်းအကွေး ဒီဇိုင်းတွေကို ပြသခဲ့ပြီးပါပြီ။ အခုတော့ အရှေ့ဘက် ဒီဇိုင်းကို ထင်ထင်ရှားရှား မြင်ရတဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပြီး Waterdrop Notch ပါမှာ သေချာသွားပါပြီ။ ဗီဒီယိုမှာ အစိမ်းရောင်နဲ့ ပုလဲဖြူရောင်တွေကို မြင်ရပါတယ်။ အဲဒီ ဖုန်းကို တရုတ် ပြင်ပမှာ Mi Note 10 နာမည်နဲ့ ရောင်းချမှာပါ။

တရုတ် လူမှုကွန်ရက်မှာလည်း အဲဒီ ဖုန်းရဲ့ ပရိုမို ပိုစတာတွေကို မျှဝေနေပါတယ်။ ပုံတွေအရ 5G ဆက်သွယ်မှု ပါမယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် Xiaomi က သုံးမယ့် Chipset အကြောင်းကို မပြောသေးပါဘူး။ သတင်းထွက်နေတဲ့ Snapdragon 730G ပါမယ်ဆိုရင်တော့ Mi CC9 Pro မှာ 5G ပါမှာ မဟုတ်ပါဘူး။

Xiaomi က Samsung ရဲ့ 108MP Sensor ပါတဲ့ တကယ့် အလန်းစား ကင်မရာ ဖုန်းလို့ ညွှန်းနေပါတယ်။ 5x Telephoto Lens လည်း ပါလာမှာ ဖြစ်ပြီး 50x Hybrid Zoom အထိ ထောက်ပံ့ထားမှာပါ။ 20MP Wide-angle Camera က ၁၁၇ ဒီဂရီ မြင်ကွင်းကျယ် ပုံတွေ ဖမ်းယူပေးမှာပါ။ ၁.၅ စင်တီမီတာ အကွာကနေ အလန်းစား ပုံတွေ ရိုက်ပေးမယ့် Macro Sensor လည်း ထည့်ထားမှာပါ။

Xiaomi Mi CC9 Pro မှာ ကင်မရာ ၅ လုံးပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Nokia 9 PureView မှာလို ကင်မရာတွေကို စက်ဝိုင်းပုံ တပ်ဆင်ထားတာ မဟုတ်ဘဲ ဒေါင်လိုက် ထည့်သွင်းထားတာမြင်ရပါတယ်။ Sensor ၃ လုံးကို အတူတကွ ပူးတွဲ တပ်ဆင်ထားပြီး အရွယ်ကြီး 108MP Sensor ကိုတော့ သီးခြား ခွဲထုတ်ထားပါတယ်။ ၅ လုံးမြောက် ကင်မရာက ToF Sensor ဖြစ်နိုင်ပြီး တခြား ကင်မရာတွေနဲ့ ခွဲထုတ်ထားပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena