[Zawgyi]

Xiaomi က မေန႔ကပဲ အေနာက္ကင္မရာ ၅ လံုးပါတဲ့  Mi CC9 Pro ကို ေၾကညာခဲ့ၿပီး စီအီးအို လီဂြ်န္က DxOMark မွာ ၁၂၁ မွတ္ ရထားတယ္လို႔ ေျပာပါတယ္။ စုစုေပါင္း အမွတ္မွာ Huawei Mate 30 Pro နဲ႔ တူသြားပါတယ္။ CC9 Pro ဟာ ရုပ္ေသဓါတ္ပံုမွာ ၁၃၀ မွတ္( Mate 30 Pro က ၁၃၂ မွတ္) နဲ႔ ဗီဒီယိုမွာ ၁၀၂ မွတ္ ( Mate 30 Pro က ၁၀၀ မွတ္) ရသြားပါတယ္။

108MP 1/1.33” Sensor အေရွ႕႔မွာ 8P Lens ပါတဲ့ Premium Edition ကို စမ္းသပ္စစ္ေဆးခဲ့တာ ျဖစ္ၿပီး 7P Aperture ပဲပါတဲ့ ရိုးရိုး ေမာ္ဒယ္ မဟုတ္ပါဘူး။ CC9 Pro မွာ 108MP အျပင္  2x Zoom ေထာက္ပံ့တဲ့ 12MP Telephoto Lens , 5MP 5x Telephoto Lens , 20MP Ultrawide Lens နဲ႔ ၂ ကေန ၁၀ စင္တီမီတာ အကြာအေ၀းရွိ အနီးကပ္ ဓါတ္ပံုေတြ ရိုက္ကူးေပးႏိုင္တဲ့ Macro Lens ေတြ ပါပါတယ္။ Dual-LED Flash ၂ လံုး ပါၿပီး ၁ လံုးက အလင္းေရာင္ျပင္းပါတယ္။ ေနာက္ ၁ လံုးက အလင္းေရာင္ေဖ်ာ့ပါတယ္။

Xiaomi Mi CC9 Pro ရဲ႕ ဗီဒီယို အမွတ္က DxOMark မွာ စံခ်ိန္သစ္တင္ၿပီး အမ်ားဆံုး ျဖစ္သြားပါတယ္။ Google Pixel 4 နဲ႔ Samsung Galaxy Note 10+ 5G ေတြကို ေနာက္ေကာက္ခ်လိုက္ပါတယ္။ Mi CC9 Pro မွာ ကင္မရာမ်ားစြာပါတဲ့အတြက္ အေျခအေနမ်ားစြာမွာ အလန္းစား ဓါတ္ပံုေတြ ဖမ္းယူေပးႏိုင္ပါတယ္။ ညဘက္ရိုက္ရင္ မိုက္သလို ျမင္ကြင္းက်ယ္အတြက္လည္း လန္းပါတယ္။ အမိုက္စား အနီးကပ္ ဓါတ္ပံုေတြ ရိုက္ကူးေပးႏိုင္ပါတယ္။ ခရီးသြားရင္လည္း ရႈခင္းေတြကို အရမ္းလွပေအာင္ ဖမ္းယူေပးႏုိင္ပါတယ္။ အလန္းစား ကင္မရာ ဖုန္း ျဖစ္ၿပီး Xiaomi က ၿပိဳင္ဖက္ေတြထက္ ႏွာတစ္ဖ်ားသာသြားေအာင္ လုပ္ျပသြားပါၿပီ။

Ref : gsmarena

[Unicode]

DxOMark မှာ အမှတ်အများဆုံး ရသွားတဲ့ Xiaomi Mi CC9 Pro (Premium Edition)

Xiaomi က မနေ့ကပဲ အနောက်ကင်မရာ ၅ လုံးပါတဲ့ Mi CC9 Pro ကို ကြေညာခဲ့ပြီး စီအီးအို လီဂျွန်က DxOMark မှာ ၁၂၁ မှတ် ရထားတယ်လို့ ပြောပါတယ်။ စုစုပေါင်း အမှတ်မှာ Huawei Mate 30 Pro နဲ့ တူသွားပါတယ်။ CC9 Pro ဟာ ရုပ်သေဓါတ်ပုံမှာ ၁၃၀ မှတ်( Mate 30 Pro က ၁၃၂ မှတ်) နဲ့ ဗီဒီယိုမှာ ၁၀၂ မှတ် ( Mate 30 Pro က ၁၀၀ မှတ်) ရသွားပါတယ်။

108MP 1/1.33” Sensor အရှေ့မှာ 8P Lens ပါတဲ့ Premium Edition ကို စမ်းသပ်စစ်ဆေးခဲ့တာ ဖြစ်ပြီး 7P Aperture ပဲပါတဲ့ ရိုးရိုး မော်ဒယ် မဟုတ်ပါဘူး။ CC9 Pro မှာ 108MP အပြင် 2x Zoom ထောက်ပံ့တဲ့ 12MP Telephoto Lens , 5MP 5x Telephoto Lens , 20MP Ultrawide Lens နဲ့ ၂ ကနေ ၁၀ စင်တီမီတာ အကွာအဝေးရှိ အနီးကပ် ဓါတ်ပုံတွေ ရိုက်ကူးပေးနိုင်တဲ့ Macro Lens တွေ ပါပါတယ်။ Dual-LED Flash ၂ လုံး ပါပြီး ၁ လုံးက အလင်းရောင်ပြင်းပါတယ်။ နောက် ၁ လုံးက အလင်းရောင်ဖျော့ပါတယ်။

Xiaomi Mi CC9 Pro ရဲ့ ဗီဒီယို အမှတ်က DxOMark မှာ စံချိန်သစ်တင်ပြီး အများဆုံး ဖြစ်သွားပါတယ်။ Google Pixel 4 နဲ့ Samsung Galaxy Note 10+ 5G တွေကို နောက်ကောက်ချလိုက်ပါတယ်။ Mi CC9 Pro မှာ ကင်မရာများစွာပါတဲ့အတွက် အခြေအနေများစွာမှာ အလန်းစား ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်ပါတယ်။ ညဘက်ရိုက်ရင် မိုက်သလို မြင်ကွင်းကျယ်အတွက်လည်း လန်းပါတယ်။ အမိုက်စား အနီးကပ် ဓါတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။ ခရီးသွားရင်လည်း ရှုခင်းတွေကို အရမ်းလှပအောင် ဖမ်းယူပေးနိုင်ပါတယ်။ အလန်းစား ကင်မရာ ဖုန်း ဖြစ်ပြီး Xiaomi က ပြိုင်ဖက်တွေထက် နှာတစ်ဖျားသာသွားအောင် လုပ်ပြသွားပါပြီ။

Ref : gsmarena