Zawgyi

Xiaomi Mi CC9 Pro နဲ႔ပတ္သက္ၿပီး သတင္းထြက္ထားတာေတာ့ တစ္ပတ္ေလာက္ရွိပါၿပီ။ ဒီဖုန္းမွာ အဓိက ကင္မရာကို 108MP Sensor အႀကီးစားနဲ႔ထြက္လာမယ္လို႔ ဆုိထားၿပီး 30W အားအျမန္သြင္းစနစ္လည္း ပါဝင္မယ္လို႔ သတင္းထြက္ထားပါတယ္။ ယေန႔မွာေတာ့ Xiaomi မွ တင္လုိက္တဲ့ ပိုစတာအသစ္တစ္ခုအရ ဒီဖုန္းကုိ ႏုိဝင္ဘာ ၅ ရက္ေန႔မွာ ျမင္ေတြ႕ရေတာ့မွာပါ။

ပုိစတာရဲ႕ ပုံထဲမွာ Mi CC9 Pro ရဲ႕ေနာက္ဘက္ကင္မရာကို ျပထားၿပီး စုစုေပါင္း Sensor ငါးခု ပါဝင္တာ ေတြ႕ရပါတယ္။ ေဒါင္လုိက္ထားရွိတဲ့ ကင္မရာေတြရဲ႕ေဘးမွာ Dual-LED Flash ကိုပါ ျမင္ေတြ႕ရၿပီး သူ႕ရဲ႕အေပၚနဲ႔ ေအာက္မွာ “5X Optical” နဲ႔ “108MP” ဆုိတဲ့ စာလုံးေတြကို ေတြ႕ရမွာပါ။ 5X Optical ကေတာ့ Telephoto Lens အတြက္ ၾကိဳတင္အခ်က္ျပမႈပါပဲ။

Xiaomi က သူတုိ႔ရဲ႕ CC ထုတ္ကုန္လုိင္းကို “Creative and Curious” လို႔ သတ္မွတ္ထားၿပီး ဖုန္းနဲ႔ ဓါတ္ပုံရုိက္ရတာ ႏွစ္သက္သူေတြကို ပစ္မွတ္ထားကာ Wide-angle, 5X Zoom စသျဖင့္ မတူညီတဲ့ ပုံစံမ်ဳိးစုံကို ဟန္းဆက္တစ္ခုတည္းနဲ႔ ျပည့္စုံေအာင္ ရုိက္ကူးႏုိင္မယ့္ပုံပါပဲ။

ဒါေပမယ့္ 108MP ကင္မရာကို ျမင္ေတြ႕ရတာ ဒါပထမဆုံးေတာ့ မဟုတ္ပါဘူး။ မၾကာခင္က မိတ္ဆက္ျပသခဲ့တဲ့ Mi Mix Alpha ဖုန္းထဲမွာလည္း ျမင္ေတြ႕ရၿပီးသားပါ။ Mi CC9 Pro ဖုန္းဟာ ေမာ္ဒယ္နံပါတ္ M1910M4E နဲ႔ 3C ဝက္ဆုိက္မွာ ျမင္ေတြ႕ခဲ့ရၿပီး Snapdragon 730 ခ်စ္ပ္ဆက္နဲ႔ ေရာက္လာမယ္လုိ႔ ေမွ်ာ္လင့္ထားပါတယ္။

အခုခ်ိန္ထိေတာ့ Mi CC9 Pro နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို သိပ္မသိရေသးပါဘူး။ ႏုိဝင္ဘာ ၅ ရက္ေန႔မွာ Mi CC9 Pro အျပင္ Xiaomi Mi TV အသစ္နဲ႔ Smartwatch တစ္ခုတုိ႔ကိုပါ ျမင္ရမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Xiaomi Mi CC9 Pro နဲ့ပတ်သက်ပြီး သတင်းထွက်ထားတာတော့ တစ်ပတ်လောက်ရှိပါပြီ။ ဒီဖုန်းမှာ အဓိက ကင်မရာကို 108MP Sensor အကြီးစားနဲ့ထွက်လာမယ်လို့ ဆိုထားပြီး 30W အားအမြန်သွင်းစနစ်လည်း ပါဝင်မယ်လို့ သတင်းထွက်ထားပါတယ်။ ယနေ့မှာတော့ Xiaomi မှ တင်လိုက်တဲ့ ပိုစတာအသစ်တစ်ခုအရ ဒီဖုန်းကို နိုဝင်ဘာ ၅ ရက်နေ့မှာ မြင်တွေ့ရတော့မှာပါ။

ပိုစတာရဲ့ ပုံထဲမှာ Mi CC9 Pro ရဲ့နောက်ဘက်ကင်မရာကို ပြထားပြီး စုစုပေါင်း Sensor ငါးခု ပါဝင်တာ တွေ့ရပါတယ်။ ဒေါင်လိုက်ထားရှိတဲ့ ကင်မရာတွေရဲ့ဘေးမှာ Dual-LED Flash ကိုပါ မြင်တွေ့ရပြီး သူ့ရဲ့အပေါ်နဲ့ အောက်မှာ “5X Optical” နဲ့ “108MP” ဆိုတဲ့ စာလုံးတွေကို တွေ့ရမှာပါ။ 5X Optical ကတော့ Telephoto Lens အတွက် ကြိုတင်အချက်ပြမှုပါပဲ။

Xiaomi က သူတို့ရဲ့ CC ထုတ်ကုန်လိုင်းကို “Creative and Curious” လို့ သတ်မှတ်ထားပြီး ဖုန်းနဲ့ ဓါတ်ပုံရိုက်ရတာ နှစ်သက်သူတွေကို ပစ်မှတ်ထားကာ Wide-angle, 5X Zoom စသဖြင့် မတူညီတဲ့ ပုံစံမျိုးစုံကို ဟန်းဆက်တစ်ခုတည်းနဲ့ ပြည့်စုံအောင် ရိုက်ကူးနိုင်မယ့်ပုံပါပဲ။

ဒါပေမယ့် 108MP ကင်မရာကို မြင်တွေ့ရတာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ မကြာခင်က မိတ်ဆက်ပြသခဲ့တဲ့ Mi Mix Alpha ဖုန်းထဲမှာလည်း မြင်တွေ့ရပြီးသားပါ။ Mi CC9 Pro ဖုန်းဟာ မော်ဒယ်နံပါတ် M1910M4E နဲ့ 3C ဝက်ဆိုက်မှာ မြင်တွေ့ခဲ့ရပြီး Snapdragon 730 ချစ်ပ်ဆက်နဲ့ ရောက်လာမယ်လို့ မျှော်လင့်ထားပါတယ်။

အခုချိန်ထိတော့ Mi CC9 Pro နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သိပ်မသိရသေးပါဘူး။ နိုဝင်ဘာ ၅ ရက်နေ့မှာ Mi CC9 Pro အပြင် Xiaomi Mi TV အသစ်နဲ့ Smartwatch တစ်ခုတို့ကိုပါ မြင်ရမှာဖြစ်ပါတယ်။

Ref – GSM Arena