[Zawgyi]





Ref : gizmochina

[Unicode]

108MP Camera ပါတဲ့ Xiaomi Mi CC9 Pro ကို ဒီလ ၂၄ ရက်နေ့မှာ ကြေညာနိုင်

Xiaomi က ဇူလိုင်လမှာ Mi CC9e , Mi CC9 နဲ့ Mi CC9 Meitu Custom Edition တွေကို ကြေညာခဲ့ပါတယ်။ အခုတော့ တရုတ်မှ Tipster ၁ ယောက်က Xiaomi ဟာ ဒီလ ၂၄ ရက်နေ့မှာ CC9 Phone အသစ် ၁ လုံးကို မိတ်ဆက်မယ်လို့ ပြောပါတယ်။ အဲဒီ ဖုန်းဟာ Mi CC9 Pro ဖြစ်ပြီး အလန်းစား 108MP Camera ပါလာနိုင်ပါတယ်။

Tipster က အဲဒီ ဖုန်းမှာ Snapdragon 730G Chipset မောင်းနှင်ထားမယ်လို့ ပြောပါတယ်။ တခြား သတင်းအချက်အလက်တွေကိုတော့ မသိသေးပါဘူး။ Pro Model ဟာ Mi CC9 နဲ့ ဒီဇိုင်းတူနိုင်ပါတယ်။ ဒါ့အပြင် Mi CC9 ရဲ့ Specs တွေ ပါလာနိုင်ပါတယ်။ အဲဒီအတွက် Pro Model မှာ Waterdrop Notch နဲ့ In-screen Fingerprint Reder တွေ ထည့်ထားနိုင်ပါတယ်။ Android 9 Pie အခြေပြု နောက်ဆုံးထုတ် MIUI 11 ပါလာနိုင်ပါတယ်။ လာမယ့်နေ့တွေမှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုသိလာရနိုင်ပါတယ်။

Mi CC9 ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Xiaomi Mi CC9 မှာ ၆.၃၉ လက်မ AMOLED Display (1080 x 2340) ပါပါတယ်။ UD Fingerprint Scanner ထည့်သွင်းထားပါတယ်။ Snapdragon 710 ၊ Android Pie အခြေပြု MIUI 10 ၊ 18W Fast Charging ပါတဲ့ 4030mAh Battery ၊ NFC ၊ IR Port နဲ့ နားကြပ်ပေါက်တွေ ပါပါတယ်။ Waterdrop Notch တပ်ဆင်ထားပါတယ်။

6GB RAM ထည့်သွင်းထားပြီး တန်ဖိုးအမြင့်ဆုံး Model မှာ 128GB Storage ပါပါတယ်။ အနောက်ဘက်မှာ 48+8+2MP Triple Camera နဲ့ အရှေ့ဘက်မှာ 32MP Camera တွေ ထည့်သွင်းထားပါတယ်။ 64GB နဲ့ 128GB Model ကို ယွမ် ၁,၇၉၉ နဲ့ ၁,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၃၉၀,၀၀၀ နဲ့ ၄၃၀,၀၀၀ လောက်ကျသင့်ပါတယ်။

Ref : gizmochina