Xiaomi က ကလေးတွေအတွက် စမတ်နာရီ အသစ် ၂ လုံးကို ကြေညာလိုက်ပြီး အရွယ်ကြီး AMOLED မျက်နှာပြင်၊ 4G နဲ့ ရေငုပ်ရင် မီတာ ၂၀ အထိ ဝတ်ဆင်နိုင်တဲ့ စွမ်းရည်တွေ ပါလာပါတယ်။ Mi Kids Watch 4 နဲ့ 4 Pro လို့ နာမည်ပေးထားပြီး တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။ နောက် ၅ ရက်အတွင်းမှာ စတင် ပို့ဆောင်ပေးမှာပါ။

Mi Kids Watch 4 မှာ ၁.၇၈ လက်မ လေးထောင့် AMOLED မျက်နှာပြင် ပါလာပြီး 368x448p Resolution ရှိပါတယ်။ Gorilla Glass 3 နဲ့ ကာကွယ်ထားပြီး Qualcomm Wear 2500 Platform မောင်းနှင်ထားပါတယ်။ Chat Apps , Learning Apps အပြင် Apps များစွာ ထည့်သွင်း သုံးနိုင်ပါတယ်။ မျက်နှာပြင် အထက်မှာ 5MP ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး Video Calls နဲ့ Selfies အတွက် သုံးနိုင်ပါတယ်။ အရှေ့ဘက်မှာ နောက်ထပ် 5MP ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး ဓါတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။

Video Calls ကို 4G နဲ့ သုံးနိုင်ပြီး VoLTE Calls  မထောက်ပံ့ပါဘူး။ WiFi b/g/n ပါလာပြီး eSIM ထောက်ပံ့ထားပါတယ်။ GPS တော့ မပါလာဘဲ Indoors နေရာတွေအတွက် AI ကို သုံးပြီး တည်နေရာကို တွက်ချက်ပေးပါတယ်။ NFC ပါလာပြီး တရုတ် အများသုံး သယ်ယူပို့ဆောင်ရေးတွေမှာ ငွေပေးချေနိုင်ပါတယ်။ Standby နဲ့ဆိုရင် ၈ ရက်ကြာ အသုံးခံတဲ့ 920mAh ဘက်ထရီ ပါလာပါတယ်။

Xiaomi Mi Kids Watch 4 Pro မှာ အဆင့်မြင့် Dual-band GPS တည်နေရာပြ စနစ်ပါလာပြီး ပိုတိကျပါတယ်။ အရှေ့ဘက်မှာ ပိုကောင်းတဲ့ 8MP ကင်မရာ ထည့်သွင်းထားပြီး အပြာနဲ့ ပန်းရောင် ထုတ်လုပ်ထားပါတယ်။ အပြင်ဘက် ဒီဇိုင်းက မော်ဒယ် ၂ ခုစလုံးဟာ တူညီကြပြီး ရိုးရိုးမော်ဒယ်ကို ၉၀၀ ယွမ်နဲ့ Pro ကို ၁,၃၀၀ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၈ သောင်းနဲ့ ၂ သိန်း ၆ သောင်းလောက် အသီးသီး တန်ကြေးရှိပါတယ်။

Ref : gsmarena