Xiaomi ရဲ့ လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ကြေငြာသွားတော့မယ့် Xiaomi Mi Mix 2S စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ စိတ်ဝင်စားမှုအများဆုံးသော စမတ်ဖုန်းတစ်ခုဆိုရင်လည်းမမှားပါဘူး။

အခုအချိန်မှာတော့ Xiaomi Mi Mix 2S စမတ်ဖုန်းရဲ့ တရားဝင်ကြော်ငြာတွေထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ အခု ဓါတ်ပုံတွေအရတော့ Xiaomi ဟာ Mi Mix 2S စမတ်ဖုန်းဟာ Notch ပါဝင်လာမှာမဟုတ်ပဲ ယခင်တုန်းက Mi Mix 2 ပုံစံအတိုင်းပဲဖြစ်လာမှာပါ။

Xiaomi Mi Mix 2S စမတ်ဖုန်းဟာ လက်ရှိ Xiaomi ရဲ့ Snapdragon 845 Processor ကိုအသုံးပြုထားတဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ RAM 8GB ၊ ROM 256GB ပါဝင်မှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းအရတော့ အကောင်းဆုံးစမတ်ဖုန်းတစ်ခုဖြစ်လာမှာပါ။

ဒါ့အပြင် Xiaomi ဟာ Mi Mix 2S စမတ်ဖုန်းမှာ Qualcomm Quick Charge နည်းပညာအပြင် Xiaomi ဖုန်းတွေထဲမှ ပထမဆုံးအနေနဲ့ Wireless Charging စနစ်ကိုလည်းထည့်သွင်းလာမယ့် စမတ်ဖုန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Notch မပါလာတဲ့ Xiaomi Mi Mix 2S စမတ်ဖုန်းဟာ မီချစ်သူတွေကြားမှာရော အောင်မြင်နိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။