မနက်ဖြန် မတ်လ ၂၇ ရက်နေ့မှာ စမတ်ဖုန်း ကုမ္ပဏီကြီး ၂ ခုဖြစ်တဲ့ Xiaomi နဲ့ Huawei တို့က ယခုနှစ်အတွက် Flagship စမတ်ဖုန်းအသစ် ၂ မျိုးကို ကိုယ်စီထုတ်လုပ်သွားတော့မှာပဲဖြစ်ပါတယ်။

အဆိုပါ စမတ်ဖုန်းအသစ် ၂ မျိုးကတော့ Xiaomi ရဲ့ ဘေးဘောင်ပျောက်စမတ်ဖုန်း Series ဖြစ်တဲ့ Mi Mix 2S စမတ်ဖုန်းနဲ့ Huawei ကနေ P20 Series တွေပဲဖြစ်ပါတယ်။

Xiaomi Mi Mix 2S စမတ်ဖုန်းက လက်ရှိမှာ ဘေးဘောင်အပါးလွှာဆုံးစမတ်ဖုန်းဖြစ်လာနိုင်တဲ့အပြင် စွမ်းဆောင်ရည်ပိုင်းမှာလည်း Qualcomm Snapdragon 845 Processor ကို အသုံးပြုလာမှာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံကို ဝင်ရောက်လာမယ့် Flagship ဖုန်းတွေထဲမှာ ပထမဆုံး Qualcomm Snapdragon 845 Processor နဲ့ ဖုန်းတောင်ဖြစ်နိုင်ပါတယ်။

Huawei P20 စမတ်ဖုန်းကတော့ တစ်မျိုးထဲမဟုတ်ပဲ Huawei P20 Lite ၊ Huawei P20 နဲ့ Huawei P20 Pro ဆိုပြီး ၃ မျိုးထွက်လာမှာဖြစ်ပါတယ်။ Huawei P20 ဖုန်းမှာကတော့ Processor ကို အရင် Huawei Mate 10 ဖုန်းမှာပဲအသုံးပြုထားတဲ့ Kirin 970 Processor ကိုပဲ အသုံးပြုလာမှာဖြစ်ပေမယ့် Camera ပိုင်းမှာတော့ အဆင့်မြှင့်တင်ထားမှာပါ။

ဘယ်လောက်ထိတောင် Huawei P20 ဖုန်းတွေဟာ ကင်မရာပိုင်းကောင်းလာမလဲဆိုရင် Huawei P20 Pro စမတ်ဖုန်းမှာ Back Camera တင် ၃ လုံးပါဝင်လာမှာဖြစ်တဲ့အပြင် Main Sensor က 40MP Sensor ပါဝင်လာမယ်လို့ သိရပါတယ်။

ပရိသတ်ကြီးရော ဘယ်ဖုန်းကို ရွေးမှာလဲ?