Xiaomi ကနေ လာမယ့် Mobile World Congress 2018 ပွဲမှာ Mi Mix 2S ကို ထုတ်ဖော်ပြသသွားမှာဖြစ်ပြီး အခုအချိန်မှာတော့ Mi Mix 2S ဖုန်းဒီဇိုင်းနဲ့ ပါဝင်လာမယ့် Specifications တွေအကုန်လုံး ထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ ဒီဇိုင်းအရတော့ Mi Mix 2S ဟာ Full Screen Version 3.0 ကို အခြေခံထားမှာဖြစ်ပြီးတော့ ယခင် Mi Mix 2 ထက်တောင် ဘေးဘောင်တွေက ပိုပြီးပါးလွှာမယ်လို့ သိရပါတယ်။

Ceramic Body ကိုပဲ အခြေခံလာမှာဖြစ်ပြီး ကမ္ဘာ့ပထမဆုံးအနေနဲ့ Qualcomm Snapdragon 845 Processor ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။ RAM အနေနဲ့ 8GB ပါဝင်မှာဖြစ်ပြီးတော့ Storage က 256GB ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Camera ကိုတော့ Dual 12MP Camera တွေတပ်ဆင်ထားမှာဖြစ်ပြီးတော့ ပိုကောင်းတဲ့အချက်က Under-Display Fingerprint Scanner ကို ပထမဆုံးအသုံးပြုလာတဲ့ Xiaomi ဖုန်းတစ်ခုပဲဖြစ်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် Xiaomi ဟာ Selfie Camera ကို ယခင်က အောက်ခြေမှာ ထားတာကနေ အခုအချိန်မှာ အောက်ခြေဘက်မှာရှိတဲ့ ဘေးဘောင်တွေကိုပါ ဖြုတ်လိုက်ပြီးတော့ Selfie Camera ကို Screen ရဲ့ အပေါ်ဘက် ညာဘက်ထောင့်မှာ တပ်ဆင်ထားမယ်လို့ သိရပါတယ်။