Zawgyi

Xiaomi အေနနဲ႔ Mi Mix စီးရီးေတြရဲ႕ တတိယမ်ိဴးဆက္ Mi Mix 3 ကို လာမယ့္ ေအာက္တိုဘာလ ၂၅ရက္ေန႔မွာ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ Mi Mix 3 မွာ 24MP Selfie Camera ၂လုံးကို တြဲလ်က္ တပ္ဆင္ထားမွာ ျဖစ္ေၾကာင္း Xiaomi က သူတို႔ရဲ႕ Weibo အေကာင့္မွာ တရားဝင္ ထုတ္ျပန္ေၾကျငာခဲ့ပါတယ္။

သူမ်ားေတြက Front Camera အတြက္ အမ်ားဆုံး 24MP ဒါမွမဟုတ္ 25MP Camera တစ္လုံးတည္းကိုသာ တပ္ဆင္ေပးႏိုင္တဲ့ အခ်ိန္မွာ Xiaomi ကေတာ့ ၂လုံးေတာင္ တပ္ေပးထားမွာပါ။ 24MP Camera ၂လုံးပါလို႔ ဘာေတြ ထူးျခားသြားမလဲဆိုတာကို အတိအက် မသိရေသးေပမယ့္ ေသခ်ာတာကေတာ့ Mi Mix 3 က ကမာၻ႔ ပထမဦးဆုံး 24MP Dual Front Camera အသုံးျပဳ စမတ္ဖုန္း တစ္လုံး ျဖစ္လာမွာပါ။ အဆိုပါ Camera ေတြကို Slider တစ္ခုထဲမွာ ထည့္သြင္းထားမွာ ျဖစ္တဲ့အတြက္ Notch ပါဝင္မွာ မဟုတ္ပါဘူး။ Mi Mix 3 ရဲ႕ Camera Slider ဟာ Oppo Find X လိုမ်ိဴး အလိုအေလ်ာက္ဖြင့္ေပးမယ့္ Slider အမ်ိဴးအစား မဟုတ္ဘဲ Honor Magic 2 လိုမ်ိဴး Manual Camera Slider ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကလဲ Mi Mix 3 ဟာ RAM 10GB နဲ႔ 5G ကြန္ရက္စနစ္ကို ပထမဦးဆုံး ေထာက္ပံ့ေပးႏိုင္မယ့္ စမတ္ဖုန္း တစ္လုံးျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚထားပါေသးတယ္။ ဒီအတိုင္းသာ ဆိုရင္ေတာ့ Xiaomi ရဲ႕ Mi Mix 3 ဟာ ကမာၻ႔ ပထမဦးဆုံးဆိုတဲ့ ေခါင္းစဥ္ေတြနဲ႔ အတူ ပြဲထြက္လာမွာပါ။

Ref: gadgets.ndtv

Unicode

24MP Selfie Camera ၂လုံးကို တပ်ဆင်ထားမယ့် Xiaomi Mi Mix 3

Xiaomi အနေနဲ့ Mi Mix စီးရီးတွေရဲ့ တတိယမျိူးဆက် Mi Mix 3 ကို လာမယ့် အောက်တိုဘာလ ၂၅ရက်နေ့မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Mi Mix 3 မှာ 24MP Selfie Camera ၂လုံးကို တွဲလျက် တပ်ဆင်ထားမှာ ဖြစ်ကြောင်း Xiaomi က သူတို့ရဲ့ Weibo အကောင့်မှာ တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

သူများတွေက Front Camera အတွက် အများဆုံး 24MP ဒါမှမဟုတ် 25MP Camera တစ်လုံးတည်းကိုသာ တပ်ဆင်ပေးနိုင်တဲ့ အချိန်မှာ Xiaomi ကတော့ ၂လုံးတောင် တပ်ပေးထားမှာပါ။ 24MP Camera ၂လုံးပါလို့ ဘာတွေ ထူးခြားသွားမလဲဆိုတာကို အတိအကျ မသိရသေးပေမယ့် သေချာတာကတော့ Mi Mix 3 က ကမ္ဘာ့ ပထမဦးဆုံး 24MP Dual Front Camera အသုံးပြု စမတ်ဖုန်း တစ်လုံး ဖြစ်လာမှာပါ။ အဆိုပါ Camera တွေကို Slider တစ်ခုထဲမှာ ထည့်သွင်းထားမှာ ဖြစ်တဲ့အတွက် Notch ပါဝင်မှာ မဟုတ်ပါဘူး။ Mi Mix 3 ရဲ့ Camera Slider ဟာ Oppo Find X လိုမျိူး အလိုအလျောက်ဖွင့်ပေးမယ့် Slider အမျိူးအစား မဟုတ်ဘဲ Honor Magic 2 လိုမျိူး Manual Camera Slider ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလဲ Mi Mix 3 ဟာ RAM 10GB နဲ့ 5G ကွန်ရက်စနစ်ကို ပထမဦးဆုံး ထောက်ပံ့ပေးနိုင်မယ့် စမတ်ဖုန်း တစ်လုံးဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ထားပါသေးတယ်။ ဒီအတိုင်းသာ ဆိုရင်တော့ Xiaomi ရဲ့ Mi Mix 3 ဟာ ကမ္ဘာ့ ပထမဦးဆုံးဆိုတဲ့ ခေါင်းစဥ်တွေနဲ့ အတူ ပွဲထွက်လာမှာပါ။

Ref: gadgets.ndtv