[Zawgyi]

Xiaomi ရဲ႕ Vice President ျဖစ္သူ Lu Weibing ဟာ ႀကိဳးမဲ့ဆက္သြယ္ေရး နည္းပညာသစ္ျဖစ္တဲ့ 5G ကြန္ရက္နဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ အျမင္ေတြကို ထုတ္ေဖာ္ေျပာၾကားလာပါတယ္။ Lu Weibing က 5G နည္းပညာဟာ ျမန္ျမန္ဆန္ဆန္ တိုးတက္ေျပာင္းလဲလာၿပီး၊ ေနာက္ႏွစ္ကုန္မွာ ၿမိဳ႕ႀကီးအားလုံးကို 5G ကြန္ရက္က လႊမ္းၿခဳံသြားလိမ့္မယ္လို႔ ခန္႔မွန္းေျပာဆိုထားပါတယ္။ ဒါ့အျပင္ သူက ၂၀၂၀ခုႏွစ္ ဒုတိယႏွစ္ဝက္ေလာက္မွာ 5G ကြန္ရက္ ေထာက္ပံ့ေပးႏိုင္တဲ့ စမတ္ဖုန္းေတြကို တ႐ုတ္ေငြ ၂၀၀၀ ယြမ္ ဝန္းက်င္ ( ျမန္မာေငြ ၄သိန္းခြဲ ဝန္းက်င္ ) ေလာက္နဲ႔ ေရာင္းခ်လိမ့္မယ္လို႔ ခန္႔မွန္းေျပာဆိုထားပါေသးတယ္။

 

Lu Weibing ဟာ 5G ကြန္ရက္နဲ႔ ပတ္သက္တဲ့ ခန္႔မွန္းေျပာဆိုမႈေတြနဲ႔အတူ သူတို႔ရဲ႕ 5G စမတ္ဖုန္းျဖစ္တဲ့ Xiaomi Mi MIX 3 5G အေၾကာင္းကိုလည္း မွ်ေဝသြားပါတယ္။ Lu Weibing ရဲ႕ ေျပာၾကားခ်က္မ်ားအရ Mi MIX 3 5G စမတ္ဖုန္းကို တ႐ုတ္ႏိုင္ငံမွာ မၾကာခင္ ျဖန္႔ခ်ိေတာ့မယ္လို႔ သိရပါတယ္။ Mi MIX 3 5G ဟာ Xiaomi ရဲ႕ ပထမဦးဆုံး 5G စမတ္ဖုန္းျဖစ္ၿပီး ဥေရာပမွာ စတင္မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ Mi MIX 3 5G ရဲ႕ RAM 6GB + Storage 64GB ဗားရွင္းကို ဥေရာပမွာ ယူ႐ို ၅၉၉ ( ျမန္မာေငြ ၁၀သိန္း ဝန္းက်င္ ) နဲ႔ ေရာင္းခ်ေနတာ ျဖစ္ေပမယ့္ တ႐ုတ္ႏိုင္ငံမွာေတာ့ ဒီထက္နည္းတဲ့ ေစ်းႏႈန္းနဲ႔ ဝင္ေရာက္ႏိုင္ပါတယ္။

႐ိုး႐ိုး Mi MIX 3 နဲ႔ Mi MIX 3 5G ကြာျခားသြားတဲ့ အခ်က္က Mi MIX 3 မွာ Snapdragon 845 SoC ကို အသုံးျပဳထားၿပီး Mi MIX 3 5G မွာ Snapdragon 855 SoC ကို အသုံးျပဳထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဘက္ထရီအပိုင္းမွာလည္း Mi MIX 3 က 3200mAh သာ ပါဝင္ေပမယ့္ Mi MIX 3 5G မွာေတာ့ 3800mAh ထည့္သြင္းေပးထားပါတယ္။ က်န္တဲ့အပိုင္းေတြကေတာ့ အတူတူပါပဲ။

Ref : Gizmochina

[Unicode]

၁၀သိန်း ဝန်းကျင် တန်ကြေးရှိ Xiaomi Mi MIX 3 5G ကို တရုတ်နိုင်ငံမှာ ရောင်းချတော့မည်

Xiaomi ရဲ့ Vice President ဖြစ်သူ Lu Weibing ဟာ ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာသစ်ဖြစ်တဲ့ 5G ကွန်ရက်နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်တွေကို ထုတ်ဖော်ပြောကြားလာပါတယ်။ Lu Weibing က 5G နည်းပညာဟာ မြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲလာပြီး၊ နောက်နှစ်ကုန်မှာ မြို့ကြီးအားလုံးကို 5G ကွန်ရက်က လွှမ်းခြုံသွားလိမ့်မယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။ ဒါ့အပြင် သူက ၂၀၂၀ခုနှစ် ဒုတိယနှစ်ဝက်လောက်မှာ 5G ကွန်ရက် ထောက်ပံ့ပေးနိုင်တဲ့ စမတ်ဖုန်းတွေကို တရုတ်ငွေ ၂၀၀၀ ယွမ် ဝန်းကျင် ( မြန်မာငွေ ၄သိန်းခွဲ ဝန်းကျင် ) လောက်နဲ့ ရောင်းချလိမ့်မယ်လို့ ခန့်မှန်းပြောဆိုထားပါသေးတယ်။

Lu Weibing ဟာ 5G ကွန်ရက်နဲ့ ပတ်သက်တဲ့ ခန့်မှန်းပြောဆိုမှုတွေနဲ့အတူ သူတို့ရဲ့ 5G စမတ်ဖုန်းဖြစ်တဲ့ Xiaomi Mi MIX 3 5G အကြောင်းကိုလည်း မျှဝေသွားပါတယ်။ Lu Weibing ရဲ့ ပြောကြားချက်များအရ Mi MIX 3 5G စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မကြာခင် ဖြန့်ချိတော့မယ်လို့ သိရပါတယ်။ Mi MIX 3 5G ဟာ Xiaomi ရဲ့ ပထမဦးဆုံး 5G စမတ်ဖုန်းဖြစ်ပြီး ဥရောပမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Mi MIX 3 5G ရဲ့ RAM 6GB + Storage 64GB ဗားရှင်းကို ဥရောပမှာ ယူရို ၅၉၉ ( မြန်မာငွေ ၁၀သိန်း ဝန်းကျင် ) နဲ့ ရောင်းချနေတာ ဖြစ်ပေမယ့် တရုတ်နိုင်ငံမှာတော့ ဒီထက်နည်းတဲ့ စျေးနှုန်းနဲ့ ဝင်ရောက်နိုင်ပါတယ်။

ရိုးရိုး Mi MIX 3 နဲ့ Mi MIX 3 5G ကွာခြားသွားတဲ့ အချက်က Mi MIX 3 မှာ Snapdragon 845 SoC ကို အသုံးပြုထားပြီး Mi MIX 3 5G မှာ Snapdragon 855 SoC ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ထရီအပိုင်းမှာလည်း Mi MIX 3 က 3200mAh သာ ပါဝင်ပေမယ့် Mi MIX 3 5G မှာတော့ 3800mAh ထည့်သွင်းပေးထားပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ အတူတူပါပဲ။

Ref : Gizmochina