[Zawgyi]

Xiaomi က Android 10 အေျချပဳ MIUI 11 ကို ၿပီးခဲ့တဲ့လက ေၾကညာခဲ့ပါတယ္။ ကုမၸဏီရဲ႕ စမတ္ဖုန္းမ်ားစြာမွာ Beta Version ကို ျဖန္႔ခ်ိေပးထားပါတယ္။ အခုေတာ့ Mi Mix 3 မွာလည္း ရေတာ့မယ္လို႔ ကုမၸဏီက အတည္ျပဳလိုက္ပါတယ္။ Android 10 အေျချပဳ MIUI 11 Beta Update ကို တရုတ္က Mi Mix 3 ေတြမွာ ရရွိေနပါၿပီ။  MIUI 11 9.10.23 Beta ျဖစ္ၿပီး ဖိုင္အရြယ္အစားက 2.3GB ရွိပါတယ္။

Xiaomi က Update ကို အင္စေတာ မလုပ္ခင္မွာ ဖုန္းကို Backup လုပ္ဖို႔ အၾကံေပးထားပါတယ္။ Android 10 နဲ႔ Compatible မျဖစ္တဲ့ Third-party Apps ေတြမွာ ျပႆနာရွိႏုိင္တယ္လို႔ ေျပာပါတယ္။ MIUI 11 မွာ Power-saving Mode က ပိုလန္းလာပါတယ္။ Mi Lan Pro System Font အသစ္ ထည့္သြင္းထားပါတယ္။

MIUI 11 မွာ အလန္းစား လုပ္ေဆာင္ခ်က္ အသစ္ေတြ ပါလာၿပီး ဒီဇိုင္းကို လံုး၀ ဆန္းသစ္ထားပါတယ္။ အိုင္ကြန္ေတြက ပိုေပ်ာ့ေျပာင္းလာတဲ့ ဒီဇိုင္း ျဖစ္ၿပီး System-wide Dark Mode ပါလာပါတယ္။ Always-on Display က ပိုလန္းလာပါတယ္။ Animations , Themes , Wallpapers အသစ္ေတြ ထည့္ထားပါတယ္။ Notification System က ပိုတိုးတက္လာပါတယ္။

ေနာက္ထပ္လန္းလာတာက အသံ အရည္အေသြး ျဖစ္ၿပီး သဘာ၀က်တဲ့ အသံ Effects နဲ႔ Alarms ေတြ ထည့္သြင္းထားပါတယ္။ Mi Go Travel Suite အသစ္ပါလာၿပီး ေလယာဥ္၊ ဘတ္စ္ကားနဲ႔ ရထား လက္မွတ္ေတြကို Booking ျပဳလုပ္ႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Xiaomi Mi Mix 3 အတွက် Android 10 အခြေပြု MIUI 11 Beta ရပြီ

Xiaomi က Android 10 အခြေပြု MIUI 11 ကို ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ ကုမ္ပဏီရဲ့ စမတ်ဖုန်းများစွာမှာ Beta Version ကို ဖြန့်ချိပေးထားပါတယ်။ အခုတော့ Mi Mix 3 မှာလည်း ရတော့မယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ Android 10 အခြေပြု MIUI 11 Beta Update ကို တရုတ်က Mi Mix 3 တွေမှာ ရရှိနေပါပြီ။ MIUI 11 9.10.23 Beta ဖြစ်ပြီး ဖိုင်အရွယ်အစားက 2.3GB ရှိပါတယ်။

Xiaomi က Update ကို အင်စတော မလုပ်ခင်မှာ ဖုန်းကို Backup လုပ်ဖို့ အကြံပေးထားပါတယ်။ Android 10 နဲ့ Compatible မဖြစ်တဲ့ Third-party Apps တွေမှာ ပြဿနာရှိနိုင်တယ်လို့ ပြောပါတယ်။ MIUI 11 မှာ Power-saving Mode က ပိုလန်းလာပါတယ်။ Mi Lan Pro System Font အသစ် ထည့်သွင်းထားပါတယ်။

MIUI 11 မှာ အလန်းစား လုပ်ဆောင်ချက် အသစ်တွေ ပါလာပြီး ဒီဇိုင်းကို လုံး၀ ဆန်းသစ်ထားပါတယ်။ အိုင်ကွန်တွေက ပိုပျော့ပြောင်းလာတဲ့ ဒီဇိုင်း ဖြစ်ပြီး System-wide Dark Mode ပါလာပါတယ်။ Always-on Display က ပိုလန်းလာပါတယ်။ Animations , Themes , Wallpapers အသစ်တွေ ထည့်ထားပါတယ်။ Notification System က ပိုတိုးတက်လာပါတယ်။

နောက်ထပ်လန်းလာတာက အသံ အရည်အသွေး ဖြစ်ပြီး သဘာဝကျတဲ့ အသံ Effects နဲ့ Alarms တွေ ထည့်သွင်းထားပါတယ်။ Mi Go Travel Suite အသစ်ပါလာပြီး လေယာဉ်၊ ဘတ်စ်ကားနဲ့ ရထား လက်မှတ်တွေကို Booking ပြုလုပ်နိုင်ပါတယ်။

Ref : gizmochina