[Zawgyi]

Mi Mix 3 5G ဟာ Xiaomi အမွတ္တံဆိပ္အတြက္ ပထမဆုံး 5G စမတ္ဖုန္းျဖစ္ၿပီး ဥေရာပေဈးကြက္ကို ထိုးေဖာက္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ဥေရာပ ဘယ္ျခမ္းေရာ၊ ညာျခမ္းက Carrier ေတြနဲ႔ အသုံးျပဳႏိုင္တဲ့ အေစာဆုံး 5G စမတ္ဖုန္းေတြထဲမွာလည္း ပါဝင္ပါတယ္။

Mi Mix 3 ကို ဆက္ခံမယ့္ ေနာက္မ်ိဳးဆက္ကလည္း ထုတ္လုပ္ဖို႔အတြက္ အေစာကတည္းက လုပ္ေဆာင္ေနၾကၿပီလို႔ သိရပါတယ္။ Mi Mix 4 5G ကလည္း တ႐ုတ္ရဲ႕ MIIT (စက္မႈလက္မႈနဲ႔သတင္းအခ်က္အလက္ နည္းပညာဌာန) မွာ အသိအမွတ္ျပဳမႈ ရရွိထားၿပီးျဖစ္တယ္လို႔ သတင္းထြက္ေပၚထားပါတယ္။

Xiaomi ဟန္းဆက္သစ္ဟာ M1908F1XE နံပါတ္နဲ႔ MIIT ဝက္ဘ္ဆိုက္မွာ ျမင္ေတြ႕ခဲ့ရတာလည္း ျဖစ္ပါတယ္။ 5G ခ်ိတ္ဆက္ႏိုင္ေၾကာင္းေတြ႕ရေပမယ့္ Mi Mix 4 ဆိုၿပီး အတိအက်မေျပာႏိုင္ေသးပါဘူး။ ေလ့လာသူအေတာ္မ်ားမ်ားကေတာ့ Mi Mix 4 ျဖစ္မယ္လို႔ပဲ ခန႔္မွန္းထားၾကပါတယ္။ Xiaomi ရဲ႕ CEO Lei Jun ကလည္း သိပ္မၾကာေသးခင္ကမွ ဒီႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္အတြင္း 5G ဖုန္းသစ္ ထြက္ဦးမယ္လို႔ ေျပာထားပါေသးတယ္။

Xiaomi ဟာ သူတို႔ရဲ႕ Mi Mix အသစ္ကို ႏွစ္တစ္ႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္အခ်ိန္မွာ ေၾကညာမိတ္ဆက္ေလ့ရွိပါတယ္။ ဒီအစဥ္အလာကလည္း MIIT မွာေတြ႕ျမင္ရတာက Mi Mix 4 ျဖစ္မယ္ဆိုတဲ့ ခန႔္မွန္းခ်က္ကိုပိုၿပီးခိုင္မာေစတာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Xiaomi Mi Mix 4 ဟာ 5G စမတ်ဖုန်း ဖြစ်ဖွယ်ရှိကြောင်း သတင်းထွက်ပေါ်လာ

Mi Mix 3 5G ဟာ Xiaomi အမှတ်တံဆိပ်အတွက် ပထမဆုံး 5G စမတ်ဖုန်းဖြစ်သလို ဥရောပဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဥရောပ ဘယ်ခြမ်းရော၊ ညာခြမ်းက Carrier တွေနဲ့ အသုံးပြုနိုင်တဲ့ အစောဆုံး 5G စမတ်ဖုန်းတွေထဲမှာလည်း ပါဝင်ပါတယ်။

တရုတ်ကုမ္ပဏီကတော့ Mi Mix 3 ကို ဆက်ခံမယ့် နောက်မျိုးဆက်ကလည်း ထုတ်လုပ်ဖို့အတွက် အစောကတည်းက လုပ်ဆောင်နေကြပြီလို့ သိရပါတယ်။ Mi Mix 4 5G ကလည်း တရုတ်ရဲ့ MIIT (စက်မှုလက်မှုနဲ့သတင်းအချက်အလက် နည်းပညာဌာန) မှာ အသိအမှတ်ပြုမှု ရရှိထားပြီးဖြစ်တယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။

Xiaomi ဟန်းဆက်သစ်ဟာ M1908F1XE နံပါတ်နဲ့ MIIT ဝက်ဘ်ဆိုက်မှာ မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ 5G ချိတ်ဆက်နိုင်ကြောင်းတွေ့ရပေမယ့် Mi Mix 4 ဆိုပြီး အတိအကျမပြောနိုင်သေးပေမယ့် လေ့လာသူအတော်များများကတော့ Mi Mix 4 ဖြစ်မယ်လို့ပဲ ခန့်မှန်းထားကြပါတယ်။ Xiaomi ရဲ့ CEO Lei Jun ကလည်း သိပ်မကြာသေးခင်ကမှ ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွင်း 5G ဖုန်းသစ် ထွက်ဦးမယ်လို့ ပြောထားပါသေးတယ်။

Xiaomi ဟာ သူတို့ရဲ့ Mi Mix သစ်ကို နှစ်တစ်နှစ်ရဲ့ ဒုတိယနှစ်ဝက်အချိန်မှာ ကြေညာမိတ်ဆက်လေ့ရှိပါတယ်။ ဒီအစဉ်အလာကလည်း MIIT မှာတွေ့မြင်ရတာက Mi Mix 4 ဖြစ်မယ်ဆိုတဲ့ ခန့်မှန်းချက်ကိုပိုပြီးခိုင်မာစေတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က Mi Mix 4 ပဲဖြစ်ဖြစ်၊ တခြားအမျိုးအစားပဲဖြစ်ဖြစ် ဒီဖုန်းဟာ Qualcomm ရဲ့ Snapdragon 855 Plus ကို အသုံးပြုထားမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena