[Zawgyi]

Xiaomi Mi Mix 4 ရဲ႕ သတင္းမ်ား အြန္လိုင္းမွာ မၾကာခဏ ေပါက္ၾကားထြက္ေပၚေနပါတယ္။ အခုေတာ့ ကုမၸဏီရဲ႕ ထုတ္ကုန္ ဒါရိုက္တာ Wang Teng က Mi Mix 4 နဲ႔ ပတ္သက္ၿပီး အြန္လိုင္းမွာ လူသိခ်င္ေနတဲ့ သတင္းအခ်က္အလက္ အခ်ိဳ႕ကို ေျဖၾကားေပးခဲ့ပါတယ္။ သူက Mi Mix 4 မွာ Super Telephoto Lens ပါလာေကာင္းပါလာမယ္လို႔ ေျပာပါတယ္။

ျပည္နယ္ အသိဥာဏ မူပိုင္ခြင့္ရံုးမွ သတင္းအခ်က္အလက္မ်ားအရ Xiaomi ဟာ Periscope Lens Patent ကို မၾကာခင္က မွတ္ပံုတင္ထားပါတယ္။ အဲဒီအတြက္ Mi Mix 4 မွာ Hybrid Zoom ရရွိဖုိ႔ Periscope Lens ကို သံုးႏုိင္တယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္လည္း က်ိန္းေသ သံုးမယ္လို႔ မေျပာႏုိင္ေသးပါဘူး။ Wang Teng က Mi Mix 4 ရဲ႕ ကင္မရာဟာ Samsung 64MP GW1 ထက္ ပိုေကာင္းမယ္လို႔ အရင္က ေျပာခဲ့ဖူးပါတယ္။ ဒါေပမယ့္ ဆန္ဆာ ေမာ္ဒယ္ကို မသိရေသးပါဘူး။

Mi Mix 4 မွာ Qualcomm ရဲ႕ Snapdragon 855 Plus SoC အသစ္ကို အသံုးျပဳထားႏုိင္ပါတယ္။ Asus ROG Phone 2 နဲ႔ Nubia Red Magic 3 မ်ားမွာ အဲဒီ SoC ကို သံုးထားမွာ ျဖစ္ပါတယ္။ Mi Mix 4 ဟာလည္း Xiaomi ရဲ႕ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္း ျဖစ္တဲ့ အတြက္ နည္းပညာ အသစ္မ်ား ပါလာႏုိင္ပါတယ္။ Mi Mix 4 မွာ 100W Super-fast Charging , Wide-area Screen Fingerprint Unlocking နဲ႔ Under-screen Camera မ်ား ပါလာႏုိင္ပါတယ္။

Ref : gizchina

[Unicode]

Xiaomi Mi Mix 4 မှာ Super Telephoto Lens ပါလာနိုင်

Xiaomi Mi Mix 4 ရဲ့ သတင်းများ အွန်လိုင်းမှာ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ ထုတ်ကုန် ဒါရိုက်တာ Wang Teng က Mi Mix 4 နဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ လူသိချင်နေတဲ့ သတင်းအချက်အလက် အချို့ကို ဖြေကြားပေးခဲ့ပါတယ်။ သူက Mi Mix 4 မှာ Super Telephoto Lens ပါလာကောင်းပါလာမယ်လို့ ပြောပါတယ်။

ပြည်နယ် အသိဉာဏ မူပိုင်ခွင့်ရုံးမှ သတင်းအချက်အလက်များအရ Xiaomi ဟာ Periscope Lens Patent ကို မကြာခင်က မှတ်ပုံတင်ထားပါတယ်။ အဲဒီအတွက် Mi Mix 4 မှာ Hybrid Zoom ရရှိဖို့ Periscope Lens ကို သုံးနိုင်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့်လည်း ကျိန်းသေ သုံးမယ်လို့ မပြောနိုင်သေးပါဘူး။ Wang Teng က Mi Mix 4 ရဲ့ ကင်မရာဟာ Samsung 64MP GW1 ထက် ပိုကောင်းမယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဆန်ဆာ မော်ဒယ်ကို မသိရသေးပါဘူး။

Mi Mix 4 မှာ Qualcomm ရဲ့ Snapdragon 855 Plus SoC အသစ်ကို အသုံးပြုထားနိုင်ပါတယ်။ Asus ROG Phone 2 နဲ့ Nubia Red Magic 3 များမှာ အဲဒီ SoC ကို သုံးထားမှာ ဖြစ်ပါတယ်။ Mi Mix 4 ဟာလည်း Xiaomi ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်တဲ့ အတွက် နည်းပညာ အသစ်များ ပါလာနိုင်ပါတယ်။ Mi Mix 4 မှာ 100W Super-fast Charging , Wide-area Screen Fingerprint Unlocking နဲ့ Under-screen Camera များ ပါလာနိုင်ပါတယ်။

Ref : gizchina