[Zawgyi]

စမတ္ဖုန္းေတြမွာ ႀကိဳးမဲ့ အားသြင္း စနစ္ ပါလာၾကပါတယ္။ ပိုၿပီးလန္းတာကေတာ့ တျခား စမတ္ဖုန္းေတြကို ႀကိဳးမဲ့အားသြင္းေပးႏုိင္တဲ့ နည္းပညာပါ။ အဲဒီ နည္းပညာ ပါတဲ့ စမတ္ဖုန္းေတြလည္း ထြက္ေပၚလာပါၿပီ။ အခုေတာ့ Xiaomi က Mi Mix 4 မွာ အဲဒီ နည္းပညာ ထည့္သြင္းေပးေတာ့မယ္နဲ႔ တူပါတယ္။ ဒီသတင္းကို XDA Junior Member Kackskrz က ေဖာက္သည္ခ်ထားတာပါ။ မၾကာခင္က ထြက္ထားတဲ့ MIUI Beta Builds မွာ Reverse Wireless Charging နဲ႔ ပတ္သက္တဲ့ Code ေတြကို ေတြ႕ရတယ္လို႔ သူက ေျပာပါတယ္။

Xiaomi ရဲ႕ Reverse Wireless Charging မွာ ဘက္ထရီ ေခြ်တာတဲ့ လုပ္ေဆာင္ခ်က္လည္း ထည့္သြင္းထားပါတယ္။ စကၠန္႔ ၉၀ ၾကာလို႔မွ ႀကိဳးမဲ့ အားသြင္းျခင္း မရွိရင္ Reverse Wireless Charging ကို အလိုလို ပိတ္ေပးမွာ ျဖစ္တယ္လို႔ XDA က ေရးသားထားပါတယ္။ MIUI Beta Builds မွ Code ေတြမွာ အဲဒီ နည္းပညာ ပါမယ့္ ဖုန္း အမည္ကိုေတာ့ ေဖာ္ျပထားတာ မရွိပါဘူး။

Reverse Charging ကို စြမ္းရည္နိမ့္နဲ႔ စြမ္းရည္သင့္ စမတ္ဖုန္းေတြမွာ ထည့္သြင္းေလ့မရွိပါဘူး။ Huawei P30 Pro နဲ႔ Galaxy S10 တို႔လို မၾကာခင္က ထြက္ထားတဲ့ စြမ္းရည္ျမင့္ စမတ္ဖုန္းေတြမွာသာ ဒီနည္းပညာ ထည့္သြင္းထားတာ ျဖစ္ပါတယ္။ Xiaomi က ၂၀၁၉ ရဲ႕ ဒုတိယ ႏွစ္၀က္မွာ စြမ္းရည္ျမင့္ ဖုန္း တစ္လံုးကို ေၾကညာဖို႔ ရွိေနပါတယ္။ အဲဒါက Mi Mix 4 ပါ။ အဲဒီအတြက္ Mi Mix 4 မွာ ဒီနည္းပညာ ပါလာဖို႔ မ်ားပါတယ္။

မၾကာခင္က Xiaomi ရဲ႕ ထုတ္ကုန္ ဒါရိုက္တာ ၀မ္တန္ ေသာမတ္စ္ က Mi Mix 4 မွာ Mi 9 ထက္ ပိုျမန္တဲ့ ႀကိဳးမဲ့အားသြင္း စနစ္ ပါလာမယ္လို႔ ေျပာထားပါတယ္။ ႀကိဳးမဲ့ အားသြင္းနည္းပညာဟာ သက္တမ္းရင့္လာၿပီ ျဖစ္တဲ့အတြက္ အားသြင္းႏႈန္းကလည္း ပိုျမန္လာပါတယ္။ စမတ္ဖုန္းေတြမွာ မပါမျဖစ္ လုပ္ေဆာင္ခ်က္ ျဖစ္လာေတာ့မွာပါ။

Ref : gizmochina

[Unicode]

Reverse Wireless Charging ပါလာနိုင်တဲ့ Xiaomi Mi Mix 4

စမတ်ဖုန်းတွေမှာ ကြိုးမဲ့ အားသွင်း စနစ် ပါလာကြပါတယ်။ ပိုပြီးလန်းတာကတော့ တခြား စမတ်ဖုန်းတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ နည်းပညာပါ။ အဲဒီ နည်းပညာ ပါတဲ့ စမတ်ဖုန်းတွေလည်း ထွက်ပေါ်လာပါပြီ။ အခုတော့ Xiaomi က Mi Mix 4 မှာ အဲဒီ နည်းပညာ ထည့်သွင်းပေးတော့မယ်နဲ့ တူပါတယ်။ ဒီသတင်းကို XDA Junior Member Kackskrz က ဖောက်သည်ချထားတာပါ။ မကြာခင်က ထွက်ထားတဲ့ MIUI Beta Builds မှာ Reverse Wireless Charging နဲ့ ပတ်သက်တဲ့ Code တွေကို တွေ့ရတယ်လို့ သူက ပြောပါတယ်။

Xiaomi ရဲ့ Reverse Wireless Charging မှာ ဘက်ထရီ ချွေတာတဲ့ လုပ်ဆောင်ချက်လည်း ထည့်သွင်းထားပါတယ်။ စက္ကန့် ၉၀ ကြာလို့မှ ကြိုးမဲ့ အားသွင်းခြင်း မရှိရင် Reverse Wireless Charging ကို အလိုလို ပိတ်ပေးမှာ ဖြစ်တယ်လို့ XDA က ရေးသားထားပါတယ်။ MIUI Beta Builds မှ Code တွေမှာ အဲဒီ နည်းပညာ ပါမယ့် ဖုန်း အမည်ကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

Reverse Charging ကို စွမ်းရည်နိမ့်နဲ့ စွမ်းရည်သင့် စမတ်ဖုန်းတွေမှာ ထည့်သွင်းလေ့မရှိပါဘူး။ Huawei P30 Pro နဲ့ Galaxy S10 တို့လို မကြာခင်က ထွက်ထားတဲ့ စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာသာ ဒီနည်းပညာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Xiaomi က ၂၀၁၉ ရဲ့ ဒုတိယ နှစ်ဝက်မှာ စွမ်းရည်မြင့် ဖုန်း တစ်လုံးကို ကြေညာဖို့ ရှိနေပါတယ်။ အဲဒါက Mi Mix 4 ပါ။ အဲဒီအတွက် Mi Mix 4 မှာ ဒီနည်းပညာ ပါလာဖို့ များပါတယ်။

မကြာခင်က Xiaomi ရဲ့ ထုတ်ကုန် ဒါရိုက်တာ ဝမ်တန် သောမတ်စ် က Mi Mix 4 မှာ Mi 9 ထက် ပိုမြန်တဲ့ ကြိုးမဲ့အားသွင်း စနစ် ပါလာမယ်လို့ ပြောထားပါတယ်။ ကြိုးမဲ့ အားသွင်းနည်းပညာဟာ သက်တမ်းရင့်လာပြီ ဖြစ်တဲ့အတွက် အားသွင်းနှုန်းကလည်း ပိုမြန်လာပါတယ်။ စမတ်ဖုန်းတွေမှာ မပါမဖြစ် လုပ်ဆောင်ချက် ဖြစ်လာတော့မှာပါ။

Ref : gizmochina