[Zawgyi]
Ref : gizmochina
[Unicode]
Xiaomi Mi Mix 4 မှာ 90Hz Display နဲ့ 100MP Camera ပါလာနိုင်
Xiaomi က စွမ်းရည်မြင့် Mi Mix 4 ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပါတယ်။ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ Mi Mix 4 ရဲ့ Specs တွေ အွန်လိုင်းမှာ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း အဲဒီ စမတ်ဖုန်းမှာ Vivo NEX 3 မှာလို Waterfall Screen ပါမယ်လို့ သတင်းထွက်လာပါတယ်။ Screen ဟာ 90Hz Refresh Rate ရှိမယ်လို့လည်း သိရပါတယ်။
Xiaomi ဟာ Samsung ရဲ့ 100MP Sensor ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ကြေညာတဲ့ ကုမ္ပဏီ ဖြစ်လာနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Mi Mix 4 ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ အလန်းစား စွမ်းရည်သင့်နဲ့ စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးနေတဲ့ Pop-up Selfie Camera ပါလာနိုင်ပါတယ်။ 40W Fast Charging ထည့်သွင်းထားနိုင်ပါတယ်။
ကုမ္ပဏီက Wireless Charging အတွက် Mi Charge Turbo နည်းပညာကို ကြေညာတော့မှာ ဖြစ်တဲ့ အတွက် Mi Mix 4 ရဲ့ 40W Fast Charging ဟာ Wireless Charging ကို ရည်ညွှန်းတာလားဆိုတာ မသိရသေးပါဘူး။ လက်ရှိမှာ Xiaomi ဟာ စွမ်းရည်မြင့် Mi 9 မှာ 20W Wireless Charging ကို ထည့်သွင်းပေးထားပါတယ်။
အရင်သတင်းတွေအရ Mi Mix 4 မှာ Snapdragon 855+ SoC နဲ့ 2K Display ပါလာနိုင်ပါတယ်။ 12GB RAM နဲ့ 1TB Storage အထိ ရွေးချယ်နိုင်မှာပါ။ 5G ဆက်သွယ်မှု ပါလာနိုင်ပါတယ်။ ကြေညာမယ့် နေ့ကို မသိရသေးပေမယ့် တရုတ်မှာ ဒီလထဲ ကြေညာနိုင်ပါတယ်။
Ref : gizmochina