Xiaomi ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက MIUI Version အသစ်တစ်ခုဖြစ်တဲ့ MIUI 12.5 ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းကလည်း Xiaomi အနေနဲ့ ထွက်ရှိထားပြီးဖြစ်တဲ့ စမတ်ဖုန်းတွေအတွက် MIUI 12 သို့မဟုတ် Android Update တွေဆက်တိုက်ထုတ်ပေးနေခဲ့ပါသေးတယ်။

အခုလည်း Xiaomi ကနေ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Xiaomi Mi Note 10 Lite ဖုန်းကို Android 11 Stable Update ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း MIUI 12.5 Update ကိုတော့ ရရှိဦးမှာမဟုတ်သေးဘဲ MIUI 12 အနေနဲ့ပဲ ရှိနေဦးမယ်လို့ သိရပါတယ်။

အဆိုပါ Mi Note 10 Lite ဖုန်းအတွက် Android 11 Update ဟာ လက်ရှိအချိန်မှာ နိုင်ငံအတော်များများမှာ ရရှိနေပြီဖြစ်ပြီး File Size အနေနဲ့ကတော့ 2.3GB ဝန်းကျင် Download ပြုလုပ်ရမှာဖြစ်ပါတယ်။ MIUI Version Number အနေနဲ့ MIUI 12.1.1.0.RFNMIXM ဆိုပြီး ထွက်ရှိလာတာဖြစ်ပါတယ်။ Mi Note 10 Lite စမတ်ဖုန်းဟာ Global စျေးကွက်အတွက်ရည်ရွယ်ထားတာဖြစ်ပြီး တရုတ်နိုင်ငံအတွင်းမှာတော့ Mi CC9 နာမည်နဲ့ ရောင်းချနေတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။

Android 11 Update နဲ့အတူ Feature အသစ်တွေအများအပြားပါဝင်လာမှာဖြစ်ပေမယ့် MIUI 12 ကိုပဲ အသုံးပြုထားတဲ့အတွက် Visual ပိုင်းပြောင်းလဲမှုတွေတော့ အများအပြားရှိမှာမဟုတ်ပါဘူး။ Xiaomi ရဲ့ ပြောကြားချက်အရတော့ Bug Fix ၊ System Optimization တွေအပြင် Latest Security Patch လည်းပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena