[Zawgyi]

Xiaomi Mi Note 10 နဲ႔ Mi Note 10 Pro ကို ဖိလစ္ပိုင္မွာ ေရာင္းေတာ့မွာပါ။ ေန႔အတိအက်ကိုေတာ့ မသိရေသးေပမယ့္ ကုမၸဏီက ဖိလစ္ပိုင္မွာ Mi Note 10 Series ရဲ႕ Teaser ေတြကို စတင္ မွ်ေ၀ေနပါၿပီ။ အဲဒီ ဖုန္း ၂ လံုးစလံုးမွာ Snapdragon 730G SoC နဲ႔ ကင္မရာ ၅ လံုးပါပါတယ္။ အေနာက္ကင္မရာေတြက 108MP Main , 5MP Telephoto (5x Optical Zoom) , 12MP (2x Zoom) , 20MP Wide-angle နဲ႔ 2MP Depth Lens ေတြ ျဖစ္ပါတယ္။ Mi Note 10 နဲ႔ Mi Note 10 Pro တို႔ရဲ႕ အစိတ္အပိုင္း အမ်ားစုက တူၾကၿပီး Pro Model မွာ ပင္မ Camera အတြက္ 8P Lens ကို သံုးထားပါတယ္။ ဒါ့အျပင္ RAM / Storage အပိုပါပါတယ္။

Mi Note 10 မွာ ၆.၄၇ လက္မ Super AMOLED Full HD+ Display တပ္ဆင္ထားၿပီး အေရွ႕နဲ႔ အေနာက္ဘက္ကို Gorilla Glass 5 နဲ႔ ကာကြယ္ထားပါတယ္။ Mi Note 10 ဟာ စြမ္းရည္ျမင့္ ဖုန္းျဖစ္ေပမယ့္ Chipset က သိပ္မလန္းဘဲ Snapdragon 730G ျဖစ္ပါတယ္။ ဆဲလ္ဖီး ကင္မရာက 32MP ျဖစ္ပါတယ္။  အရြယ္ေသး Notch နဲ႔ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ပါလာပါတယ္။

Mi Note 10 မွာ Android 9 Pie အေျချပဳ MIUI 11 ေမာင္းႏွင္ထားၿပီး 128GB Storage နဲ႔ 6GB RAM ပါပါတယ္။ 30W Fast Charging ပါတဲ့ 5,260mAh Battery ပါေပမယ့္ ႀကိဳးမဲ့အားသြင္းစနစ္ မပါတာက စြမ္းရည္ျမင့္ ဖုန္းေတြနဲ႔ ယွဥ္ရင္ သိပ္မမိုက္ပါဘူး။ Night Mode 2.0 ပါလာၿပီး ညဘက္ေတြမွာ အလန္းစား ဓါတ္ပံုေတြ ဖမ္းယူေပးႏုိင္ပါတယ္။    ဥေရာပမွာ Mi Note 10 ကို ၅၄၉ ယူရို သတ္မွတ္ထားၿပီး ျမန္မာေငြ ၉၂၀,၀၀၀ ေလာက္ရွိပါတယ္။ ဖိလစ္ပိုင္မွာ ေရာင္းမယ့္ေစ်းကို မသိရေသးပါဘူး။

Ref : gizmochina

[Unicode]

Xiaomi Mi Note 10 Series ကို ဖိလစ်ပိုင်မှာ ရောင်းတော့မည်

Xiaomi Mi Note 10 နဲ့ Mi Note 10 Pro ကို ဖိလစ်ပိုင်မှာ ရောင်းတော့မှာပါ။ နေ့အတိအကျကိုတော့ မသိရသေးပေမယ့် ကုမ္ပဏီက ဖိလစ်ပိုင်မှာ Mi Note 10 Series ရဲ့ Teaser တွေကို စတင် မျှဝေနေပါပြီ။ အဲဒီ ဖုန်း ၂ လုံးစလုံးမှာ Snapdragon 730G SoC နဲ့ ကင်မရာ ၅ လုံးပါပါတယ်။ အနောက်ကင်မရာတွေက 108MP Main , 5MP Telephoto (5x Optical Zoom) , 12MP (2x Zoom) , 20MP Wide-angle နဲ့ 2MP Depth Lens တွေ ဖြစ်ပါတယ်။ Mi Note 10 နဲ့ Mi Note 10 Pro တို့ရဲ့ အစိတ်အပိုင်း အများစုက တူကြပြီး Pro Model မှာ ပင်မ Camera အတွက် 8P Lens ကို သုံးထားပါတယ်။ ဒါ့အပြင် RAM / Storage အပိုပါပါတယ်။

Mi Note 10 မှာ ၆.၄၇ လက်မ Super AMOLED Full HD+ Display တပ်ဆင်ထားပြီး အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ Mi Note 10 ဟာ စွမ်းရည်မြင့် ဖုန်းဖြစ်ပေမယ့် Chipset က သိပ်မလန်းဘဲ Snapdragon 730G ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။ အရွယ်သေး Notch နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာပါတယ်။

Mi Note 10 မှာ Android 9 Pie အခြေပြု MIUI 11 မောင်းနှင်ထားပြီး 128GB Storage နဲ့ 6GB RAM ပါပါတယ်။ 30W Fast Charging ပါတဲ့ 5,260mAh Battery ပါပေမယ့် ကြိုးမဲ့အားသွင်းစနစ် မပါတာက စွမ်းရည်မြင့် ဖုန်းတွေနဲ့ ယှဉ်ရင် သိပ်မမိုက်ပါဘူး။ Night Mode 2.0 ပါလာပြီး ညဘက်တွေမှာ အလန်းစား ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်ပါတယ်။ ဥရောပမှာ Mi Note 10 ကို ၅၄၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၉၂၀,၀၀၀ လောက်ရှိပါတယ်။ ဖိလစ်ပိုင်မှာ ရောင်းမယ့်ဈေးကို မသိရသေးပါဘူး။

Ref : gizmochina