တန်ဖိုးနည်းနည်းနဲ့ အရည်အသွေးမြင့် ဖုန်းတွေကို ထုတ်လုပ်လေ့ရှိတဲ့ ရှောင်မီ (Xiaomi) ကုမ္ပဏီဟာ ဧပြီလ ၁၉ ရက်နေ့ကဘဲ မျက်နှာပြင်အကျယ် ၅.၁၅ လက်မရှိတဲ့ Mi 6 ကို မိတ်ဆက်လိုက်ပါ။

တရုတ်နိုင်ငံ၊ ဘေဂျင်း နည်းပညာ တက္ကသိုလ်မှာ မိတ်ဆက်ခဲ့တဲ့ ရှောင်မီ (Xiaomi) Mi 6 ဖုန်းဟာ Samsung Galaxy S8 နဲ့ iPhone 7 တို့ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်ပါတယ်။

Mi 6 စမတ်ဖုန်းကို 3D Curved Glass ကိုယ်ထည် နဲ့ Ceramic ကိုယ်ထည် ဆိုပြီး ၂ မျိုး ထုတ်လုပ်ထားပါတယ်။ ဒီလို ၂ မျိုးထုတ်လုပ်ထားပေမယ့် အထဲက လုပ်ဆောင်ချက် (Specification) တွေကတော့ အတူတူပါဘဲ။

တရုတ်နိုင်ငံမှာ ဧပြီလ ၂၈ ရက်နေ့မှာ RAM 4 GB နဲ့ storage 64 GB Mi6 ကို အမေရိကန်ဒေါ်လာ ၃၆၅ ဒေါ်လာ၊ မြန်မာငွေ ၅ သိန်းနီးပါးနဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။ Mi 6 ကို RAM 6 GB နဲ့ Storage 128 GB ကိုတော့ အမေရိကန်ဒေါ်လာ ၄၂၀၊ မြန်မာငွေကျပ် ၅ သိန်းခွဲကျော်နဲ့ ရောင်းချမှာဖြစ်ပါတယ်။

Ceramic ကိုယ်ထည်၊ RAM 6GB နဲ့ Storage 128 GB ကိုတော့ အမေရိကန်ဒေါ်လာ ၄၃၅၊ မြန်မာငွေကျပ် ၆ သိန်းနီးပါးနဲ့ ရောင်းချမှာပါ။ အဖြူ၊ ၊အမည်း၊ အပြာ၊ ငွေရောင် အရောင် ၄မျိုးနဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစားက ၅.၁၅ လက်မသာ ရှိပြီး အထူကတော့ ၀.၂၉ လက်မဘဲ ရှိပါတယ်။

ထူးခြားချက်

  • Processor

Processor က Qualcomm Snapdragon 835 ကို အသုံးပြုထားပါတယ်။ စမတ်ဖုန်းတွေထဲမှာ Processor အမြင့်ဆုံးလို့တောင် ပြောဆိုနိုင်ပြီး Samsung Galaxy S8 လည်း အသုံးပြုထားပါတယ်။ ဈေးနှုန်းကတော့ Samsung Galaxy S8 က Xiaomi Mi 6 ထက် ၂ ဆလောက်များပါတယ်။ ဒါပေမယ့် LG က နောက်ဆုံး ထွက်တဲ့ LG G6 ကတော့ Snapdragon 821 ဘဲ အသုံးပြုထားပါတယ်။

Qualcomm Snapdragon 835 ကို သုံးထားတဲ့အပြင် RAM ကလည်း 6 GB ကိုသုံးထားတာကြောင့် ဖုန်းရဲ့ လုပ်ဆောင်ချက်ကတော့ ဖလန်းဖလန်းဖြစ်နေမှာပါ။ ဂိမ်းမြင့်မြင့်တွေကိုလည်း စိတ်ကြိုက်ကစားလို့ရမယ့်ပုံပါဘဲ။

  • ဘက်ထရီ

Mi 6 ဖုန်းရဲ့ ဘက်ထရီက 3350m AH ဘက်ထရီကို အသုံးပြုထားတာကြောင့် တခြား စမတ်ဖုန်းတွေထက်စာရင်တော့ အချိန်ကြာကြာအသုံးခံမယ့်ပုံပါဘဲ။ Samsung Galaxy S8 မှာ ဘက်ထရီ 3000m Ah အသုံးပြုထားပြီး Apple iPhone 7 Plus မှာတောင် 2900m Ah အသုံးပြုထားပါတယ်။

  • ကင်မရာ

ဒီ Mi 6 ဖုန်းရဲ့ ထူးခြားချက်က အနောက်ကင်မရာမှာ Dual ကင်မရာ အသုံးပြုထားပြီး i Phone 7Plus လိုဘဲ Telephoto Lens နဲ့ မြင်ကွင်းကျယ် (Wide-Angle Lens) တို့ပါဝင်တာကြောင့် စိတ်ကြိုက် ဓာတ်ပုံတွေ ရိုက်လို့ရပါပြီ။ Apple ဖုန်းတွေလိုဘဲ Mi 6 မှာ Portrait Mode ပါပါဝင်လာတာကြောင့် ဓာတ်ပုံရိုက်ရာမှာ အရှေ့က Subject ကို ပိုကြွလာတဲ့ ရိုက်ကူးမှုမျိုးလည်း လုပ်ဆောင်နိုင်လာပါတယ်။ အဲ့ဒီအပြင် 2x Optical Zoom တပ်ဆင်ထားတာကြောင့် Zoom စွဲရင်လည်း ၀ါးသွားမှာ စိတ်မပူရတော့ပါဘူး။ အနောက်ကင်မရာမှာ 12 MP ရှိပြီး 27 mm Lens မှာဆိုရင် အလင်းဝင်ပေါက် (Aperture) f/1.8 နဲ့ 52 mm မှာဆိုရင် အလင်းဝင်ပေါက် (Aperture) f/2.6 အထိ ဖွင့်လို့ရပါတယ်။

အရှေ့ကင်မရာမှာတော့ 8 MP ရပါတယ်။ အဲ့ဒီအပြင် HDR, Panorama, Touch Focus, Face Detection နဲ့ Geo-Tagging စတဲ့ စနစ်တွေလည်း ရပါသေးတယ်။

  • နားကျပ်ပေါက် မပါဝင်

အရင်ဖုန်းတွေမှာပါလေ့ရှိတဲ့ 3.5 mm နားကျပ်ပေါက် မပါဝင်တော့တာပါဘူး။ ဒါပေမယ့် Type-C USB Port ကနေ ချိတ်ပြီး နားထောင်လို့ရပါတယ်။

Sim ကဒ်ကတော့ Xiaomi ရဲ့ ထုံးစံအတိုင်း Dual Sim ကဒ်ကိုဘဲ အသုံးပြုထားပါတယ်။

ရေစိုခံနိုင်မှု

Xiaomi Mi6 က လုံးဝ ရေစိုခံနိုင်တဲ့ စမတ်ဖုန်းတော့ မဟုတ်သေးပါဘူး။ ရေဖိတ်ကျမှုလိုမျိုး၊ ရေထိတွေ့မှုလောက်ဘဲ ခံနိုင်ရည်ရှိသေးပါတယ်။ ဖုန်းရေး စိုသွားရင်တောင်မှ Sim ကဒ်ထဲကို မ၀င်သွားအောင် Sim ကဒ်မပျက်အောင် လုပ်ဆောင်ထားပါတယ်။ Samsung Galaxy S8 လိုမျိုး ရေအောက်ထဲမှာတောင် ကိုင်နိုင်သလိုတော့ မရသေးပါဘူး။

Micro SD တော့ ထပ်စိုက်လို့မရပါဘူး။ Finger Print Sensor ကလည်း Home Button ပုံစံရဲ့ မှန်အောက်မှာ ပါဝင်ပါတယ်။

အချုပ်အားဖြင့်ဆိုရင်တော့ Samsung Galaxy S8၊ i Phone 7 နဲ့ 7 Plus မှာရှိတဲ့ လုပ်ဆောင်ချက်တွေနဲ့ အဲဒီလုပ်ဆောင်ချက်တွေထက်ပိုတာတွေကို Xiaomi Mi 6 မှာ တစ်ဝက်ဈေးနဲ့ ရရှိတယ်လို့ ဆိုရမလိုပါဘဲ။

နှိုင်းယှဉ်ချက်

Specs Mi 6 Ceramic