[Zawgyi]

AnTuTu ဟာ ေဖေဖာ္ဝါရီလအတြက္ စြမ္းေဆာင္ရည္ အေကာင္းဆုံး Android စမတ္ဖုန္းစာရင္းကို ထုတ္ျပန္ေၾကညာလာခဲ့ပါတယ္။ AnTuTu ရဲ႕ ထုတ္ျပန္ေၾကညာခ်က္အရ စြမ္းေဆာင္ရည္ အေကာင္းဆုံး Android စမတ္ဖုန္းအျဖစ္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနသူကေတာ့ Xiaomi ရဲ႕ Mi 9 ပဲျဖစ္ပါတယ္။

Qualcomm ရဲ႕ Snapdragon 855 SoC ကို အသုံးျပဳထားတဲ့ Mi 9 ဟာ စုစုေပါင္း ရမွတ္ ၃၇၁,၈၄၉ အထိ ရရွိခဲ့တဲ့အတြက္ AnTuTu ရဲ႕ အမွတ္ေပးဇယားထိပ္ဆုံးကို ေရာက္ရွိသြားတာ ျဖစ္ပါတယ္။ ဒုတိယေနရာမွာ ရပ္တည္ေနသူကေတာ့ Lenovo ရဲ႕ Z5 Pro GT ျဖစ္ၿပီး စုစုေပါင္းရမွတ္ ၃၅၃,၄၆၉ အထိ ပိုင္ဆိုင္ထားပါတယ္။ Z5 Pro GT မွာလည္း Snapdragon 855 SoC ကိုပဲ အသုံးျပဳထားတာပါ။ တတိယေနရာမွာေတာ့ Snapdragon 845 ကို RAM 10GB နဲ႔ တြဲဖက္အသုံးျပဳထားတဲ့ ZTE Nubia Red Devils Mars က Kirin 980 SoC အသုံးျပဳ စမတ္ဖုန္းေတြကို ေက်ာ္ျဖတ္ၿပီး ေနရာယူထားပါတယ္။

အထက္ပါ AnTuTu အမွတ္ေပးဇယား စာရင္းဟာ တ႐ုတ္ႏိုင္ငံေစ်းကြက္ထဲက စမတ္ဖုန္းေတြကိုသာ ထည့္သြင္းတြက္ခ်က္ထားတာ ျဖစ္တဲ့အတြက္ Snapdragon 855 နဲ႔ Exynos 9820 SoC ေတြကို အသုံးျပဳထားတဲ့ Samsung Galaxy S10 Series ပါဝင္ေသးမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ AnTuTu ရဲ႕ Global အမွတ္ေပးဇယားမွာေတာ့ Galaxy S10+ က စုစုေပါင္း ရမွတ္ ၃၃၂,၈၅၀ နဲ႔ ပထမေနရာမွာ ဦးေဆာင္ေနပါတယ္။ အဆိုပါ Galaxy S10+ ဟာ Exynos ဗားရွင္းလား ဒါမွမဟုတ္ Snapdragon ဗားရွင္းလား ဆိုတာကိုေတာ့ AnTuTu ဘက္က ထုတ္ေဖာ္ျပသထားျခင္း မရွိေသးပါဘူး။

Ref : Gizmochina, AnTuTu

[Unicode]

AnTuTu မှာ စွမ်းဆောင်ရည် အကောင်းဆုံး စမတ်ဖုန်းအဖြစ် ရပ်တည်နေတဲ့ Xiaomi Mi 9

AnTuTu ဟာ ဖေဖော်ဝါရီလအတွက် စွမ်းဆောင်ရည် အကောင်းဆုံး Android စမတ်ဖုန်းစာရင်းကို ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ AnTuTu ရဲ့ ထုတ်ပြန်ကြေညာချက်အရ စွမ်းဆောင်ရည် အကောင်းဆုံး Android စမတ်ဖုန်းအဖြစ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေသူကတော့ Xiaomi ရဲ့ Mi 9 ပဲဖြစ်ပါတယ်။

Qualcomm ရဲ့ Snapdragon 855 SoC ကို အသုံးပြုထားတဲ့ Mi 9 ဟာ စုစုပေါင်း ရမှတ် ၃၇၁,၈၄၉ အထိ ရရှိခဲ့တဲ့အတွက် AnTuTu ရဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ဒုတိယနေရာမှာ ရပ်တည်နေသူကတော့ Lenovo ရဲ့ Z5 Pro GT ဖြစ်ပြီး စုစုပေါင်းရမှတ် ၃၅၃,၄၆၉ အထိ ပိုင်ဆိုင်ထားပါတယ်။ Z5 Pro GT မှာလည်း Snapdragon 855 SoC ကိုပဲ အသုံးပြုထားတာပါ။ တတိယနေရာမှာတော့ Snapdragon 845 ကို RAM 10GB နဲ့ တွဲဖက်အသုံးပြုထားတဲ့ ZTE Nubia Red Devils Mars က Kirin 980 SoC အသုံးပြု စမတ်ဖုန်းတွေကို ကျော်ဖြတ်ပြီး နေရာယူထားပါတယ်။

အထက်ပါ AnTuTu အမှတ်ပေးဇယား စာရင်းဟာ တရုတ်နိုင်ငံစျေးကွက်ထဲက စမတ်ဖုန်းတွေကိုသာ ထည့်သွင်းတွက်ချက်ထားတာ ဖြစ်တဲ့အတွက် Snapdragon 855 နဲ့ Exynos 9820 SoC တွေကို အသုံးပြုထားတဲ့ Samsung Galaxy S10 Series ပါဝင်သေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် AnTuTu ရဲ့ Global အမှတ်ပေးဇယားမှာတော့ Galaxy S10+ က စုစုပေါင်း ရမှတ် ၃၃၂,၈၅၀ နဲ့ ပထမနေရာမှာ ဦးဆောင်နေပါတယ်။ အဆိုပါ Galaxy S10+ ဟာ Exynos ဗားရှင်းလား ဒါမှမဟုတ် Snapdragon ဗားရှင်းလား ဆိုတာကိုတော့ AnTuTu ဘက်က ထုတ်ဖော်ပြသထားခြင်း မရှိသေးပါဘူး။

Ref : Gizmochina, AnTuTu