Xiaomi ဟာ Foldable စမတ်ဖုန်း အသစ် ဖြစ်တဲ့ Mix Flip ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒါဟာ ကုမ္ပဏီရဲ့ ပထမဆုံး Flip ဖုန်း ဖြစ်လာမှာပါ။ လျှို့ဝှက်အမည် “argo” လို့ ခေါ်တဲ့ Mix Flip နမူနာမော်ဒယ် ဖန်တီးတာကို ရပ်နားလိုက်ပြီး နှစ်အနည်းငယ်အကြာမှာ Xiaomi ဟာ Mix Flip အသစ်ကို ကြေညာတော့မှာပါ။

လက်ရှိမှာ ကုမ္ပဏီများစွာဟာ Flip-style စမတ်ဖုန်းတွေကို ရောင်းချနေကြပြီး Xiaomi ရဲ့ Mix Flip  ဟာ ဘာတွေ ထူးခြားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ Mix Flip ကို ကြေညာဖို့ ၁ လနီးပါး အကြာမှာ အခုတော့ Xiaomi CEO Lei Jun ဟာ အဲဒီ ဖုန်းကို အသုံးပြုနေတဲ့ ဓါတ်ပုံ ထွက်ပေါ်လာပါတယ်။

Lei Jun ဟာ Xiaomi ရဲ့ စမတ်ဖုန်း အသစ်တိုင်းကို စမ်းသပ် အသုံးပြုလေ့ရှိပါတယ်။ အခုတော့ သူ Mix Flip ကို အသုံးပြုနေတာကို တွေ့လာရပါတယ်။ ဖုန်း ဒီဇိုင်း အပြည့်အစုံကို ဓါတ်ပုံမှာ မတွေ့ရပေမယ့် အဲဒီ ဖုန်းဟာ Mix Flip ဆိုတာ သေချာပါတယ်။ အဲဒီဖုန်းမှာ ထူးခြားတဲ့ Features တွေ ပါလာနိုင်ပါတယ်။

ဓါတ်ပုံတွေမှာ ပါတဲ့ ဖုန်းရဲ့ တည်ဆောက်ပုံအရ အဲဒါဟာ Mix Flip ဖြစ်နိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းကို တခြား ထုတ်ကုန်တွေနဲ့အတူ ဇူလိုင်လမှာ ကြေညာမှာဖြစ်ပါတယ်။ အဲဒီပွဲမှာ Mix Flip, Mix Fold 4 , Redmi K70 Ultra နဲ့ တခြား Device များစွာကို မိတ်ဆက်မှာပါ။

Ref : gizmochina