Xiaomi ကတော့ အခုအချိန်မှာ အိန္ဒိယနိုင်ငံမှာ ကြီးစိုးထားတဲ့ Samsung ကို နောက်ဆုံးတော့ ကျော်တက်သွားခဲ့ပြီဖြစ်ပါတယ်။

အခုရလဒ်ဟာ ပြီးခဲ့ ၂၀၁၇ နောက်ဆုံး ၃ လပတ်မှာ ရရှိထားတဲ့ရလဒ်တွေဖြစ်ပြီးတော့ Xiaomi ရဲ့ အရောင်းသွက် Model ဖြစ်တဲ့ Redmi Note 4 ကြောင့် အဓိကဖြစ်တယ်လို့ ပြောလို့ရပါတယ်။

Mobilytiks ရဲ့ လေ့လာချက်အရ Xiaomi ဟာ Samsung ထက် ဈေးကွက်ရှယ်ယာ ပိုင်ဆိုင်မှု ၂ ဆကျော်များပြားခဲ့တာဖြစ်ပြီးတော့ ဈေးကွက်ပိုင်ဆိုင်မှုရှယ်ယာ ၃၁ ရာခိုင်နှုန်းအထိ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ အလားတူ Samsung ရဲ့ ဈေးကွက်ပိုင်ဆိုင်မှုကတော့ ၁၅ ရာခိုင်နှုန်းပဲရှိနေတာဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ အခုတိုင်းတာမှုဟာ အိန္ဒိယတစ်နိုင်ငံလုံးအပေါ်တိုင်းတာမှုမဟုတ်ပဲ တစ်နိုင်ငံလုံးမှာရှိတဲ့ စမတ်ဖုန်းရောင်းအား ၁၅ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားတဲ့ Maharashtra ပြည်နယ်ရဲ့ စစ်တမ်းဖြစ်တယ်လို့ သိရပါတယ်။