Counterpoint Research ရဲ့ ဩဂုတ်လအတွက် တစ်ကမ္ဘာလုံး စမတ်ဖုန်း ရောင်းအား စာရင်းမှာ Xiaomi ဟာ နံပါတ် ၂ နေရာကို ရသွားပါတယ်။ Xiaomi ဟာ Apple ကို နံပါတ် ၃ နေရာကို နန်းချနိုင်ခဲ့ပြီး နံပါတ် ၁ နေရာကို သိမ်းပိုက်ထားတာက Samsung ဖြစ်ပါတယ်။

Xiaomi overtook Apple in terms of global sales for August

Xiaomi ရဲ့  ဩဂုတ်လရောင်းအားဟာ ပုံမှန်ပဲ ဖြစ်ပေမယ့် Apple ဟာ iPhone အသစ် ထွက်ခါနီးမှာ ရောင်းအားကျဆင်းလေ့ရှိပါတယ်။ အဲဒီအတွက် စက်တင်ဘာလမှာ iPhone 16 Series ကို မရောင်းချခင်မှာ ဩဂုတ်လမှာ ရောင်းအားကျဆင်းသွားတာ ဖြစ်ပါတယ်။

Redmi Note 13: Pro 4G, Pro 5G, Pro+ 5G

Xiaomi ဟာ ၂၀၂၄ ခုနှစ်မှာ ရောင်းအားတိုးတက်နေပြီး အရင်နှစ်ကထက် ရောင်းအား ၂၂ ရာခိုင်နှုန်း ပိုများလာပါတယ်။ Counterpoint ရဲ့ လေ့လာဆန်းစစ်သူက Xiaomi ရဲ့ ဒေါ်လာ ၂၀၀ အောက် စမတ်ဖုန်းတွေ ရောင်းအားကောင်းခဲ့ပြီး Redmi 13, Note 13 Series ဟာ အိန္ဒိယ၊ အရှေ့တောင်အာရှ၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့မှာ ရောင်းအားကောင်းခဲ့တယ်လို့ ပြောပါတယ်။ အဲဒါကြောင့် Xiaomi ရဲ့ ၂၀၂၄ ခုနှစ် စမတ်ဖုန်း ရောင်းအားဟာ ကောင်းနေတာ ဖြစ်ပါတယ်။

Ref : gsmarena