Xiaomi ဟာ တက်ဘလက်တွေကို စဉ်ဆက်မပြတ် ထုတ်လုပ်လေ့ မရှိပါဘူး။ ၂၀၁၈ ခုနှစ်မှာ Xiaomi Mi Pad 4 ကို ကြေညာပြီးနောက် ၂၀၂၁ ခုနှစ် မတိုင်ခင်အထိ တက်ဘလက် အသစ်တွေကို မရောင်းချခဲ့ပါဘူး။ ဒါဟာ ၃ နှစ်တောင်ကြာတဲ့ အချိန်ပါ။ ဒါပေမယ့် အရင်နှစ် ဩဂုတ်လမှာ Xiaomi Mi Pad 5 ကို ရောင်းချခဲ့ပြီး စွမ်းရည်မြင့် လုပ်ဆောင်ချက် တချို့ ပါလာပါတယ်။ အခုတော့ Xiaomi ဟာ Pad 6 Series ကို ဖန်တီးနေပြီ ဖြစ်ပြီး နောက်နှစ်မှာ ရောင်းချနိုင်ပါတယ်။

Redmi Pad

Xiaomi Pad 6 နဲ့ Pad 6 Pro ဟာ Xiaomi ရဲ့ ကုဒ်တွေမှာ တွေ့လာရပြီ ဖြစ်ပြီး Xiaomi Pad 6 ရဲ့ လျှို့ဝှက်အမည်က Pipa နဲ့ မော်ဒယ်က M82 ဖြစ်ပါတယ်။ အဲဒီ တက်ဘလက်မှာ Snapdragon 870 Chipset ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပြီး Chipset က စွမ်းအင် စားသုံးမှု နည်းပါးကာ ဘက်ထရီသက်တမ်း ကောင်းစေပါတယ်။

Xiaomi Pad 6 and Pad 6 Pro, certified displays: all the details - GizChina.it

Xiaomi Pad 6 Pro ဟာ စွမ်းရည်ပိုမြင့်မားပြီး လျှို့ဝှက်အမည်က Liuqin နဲ့ မော်ဒယ်က M81 ဖြစ်ပါတယ်။ Snapdragon 8+ Gen 1 SoC မောင်းနှင်ထားမှာပါ။ Pad 6 Pro မှာ LCD မသုံးထားဘဲ 120Hz AMOLED 1880×2880 မျက်နှာပြင် တပ်ဆင်ထားမှာပါ။ အနောက်ဘက်မှာ ပင်မ နဲ့ Depth ကင်မရာ ၂ လုံး ပါလာမှာ ဖြစ်ပြီး ကင်မရာ သတင်းအချက်အလက်ကို မသိရသေးပါဘူး။ စပီကာ ၄ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး Stylus, Keyboard တို့နဲ့ တွဲသုံးနိုင်မှာပါ။

Xiaomi က အဲဒီ တက်ဘလက်တွေကို ဖန်တီးနေဆဲ ဖြစ်တဲ့အတွက် ၂၀၂၃ ခုနှစ်ကျမှ ရောင်းချနိုင်ပါတယ်။ Xiaomi က Pad 6 Series အကြောင်း ဘာမှ မပြောသေးတဲ့အတွက် ဆက်လက် စောင့်ကြည့်ရမှာပါ။

Ref : gizchina