Xiaomi က ၂၀၂၁ ခုနှစ်မှာ Pad 5 နဲ့ Pad 5 Pro ကို ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ Pad 5 Pro 12.4 နဲ့ Redmi Pad ကို ချပြခဲ့ပါတယ်။ အခုတော့ ၂၀၂၃ ခုနှစ်အတွက် တက်ဘလက် အသစ်တွေကို ကုမ္ပဏီက ကြေညာဖို့ စီစဉ်နေပါတယ်။ Tipster Digital Chat Station က Xiaomi Pad 6 နဲ့ Pad 6 Pro ရဲ့ Specs တွေကို မျှဝေလိုက်ပါတယ်။

Xiaomi Pad 6 and Xiaomi Pad 6 Pro rumors: Dimensity and Snapdragon SoC mixture with up to 120 W fast-charging support - NotebookCheck.net News

Pad 6 မော်ဒယ် ၂ ခုစလုံးမှာ ၁၁ လက်မ IPS LCD 2880x1800p မျက်နှာပြင်တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး 120/144Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင်တွေဟာ HDR10+ နဲ့ Dolby Vision ကို ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Masterpiece” Xiaomi Pad 6 and Pad 6 Pro revealed the price, iPad Pro “beware”

Xiaomi Pad 6 မှာ Snapdragon 870 Chipset နဲ့ Pad 6 Pro မှာ Snapdragon 8+ Gen 1 မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်မှာပါ။ တက်ဘလက် ၂ လုံးစလုံးမှာ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ 67W Fast Charging ပါလာနိုင်ပါတယ်။

အနောက်ကင်မရာ ၂ လုံး တပ်ဆင်ထားနိုင်ပြီး MIUI For Pad Operating System ထည့်သွင်းထားနိုင်ပါတယ်။ အဲဒီ တက်ဘလက် ၂ လုံးကို ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress (MWC) 2023 မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena