[Zawgyi]

Penta Camera ပါတဲ့ Xiaomi Mi CC9 Pro / Mi Note 10 ကို ၿပီးခဲ့တဲ့ ၁ ပတ္က ေၾကညာခဲ့ပါတယ္။ Selfie Camera ပါထည့္တြက္ရင္ စုစုေပါင္း Camera ၆ လံုးေတာင္ ပါပါတယ္။ အဲဒီ အေနာက္ Camera ၅ လံုးနဲ႔ Selfie ဆြဲလိုက္ရရင္ေတာ့ ရွယ္လန္းသြားမွာပါ။ အခုေတာ့ Xiaomi က အဲဒီလို လုပ္ႏုိင္မယ့္ နည္းလမ္းကို ဖန္တီးေနတယ္လို႔ ထင္ပါတယ္။

ႏို၀င္ဘာလ ၈ ရက္ေန႔မွာ ထြက္ေပၚလာတဲ့ Patent အရ Xiaomi က Pop-up Penta-camera ပါတဲ့ Foldable ဖုန္းကို ဖန္တီးေနတယ္လို႔ ထင္ရပါတယ္။ အျပင္ဘက္ကို ေခါက္ခ်ိဳးရတဲ့ ဖုန္း ျဖစ္ၿပီး Camera ၅ လံုးကို အေရွ႕ ဒါမွမဟုတ္ အေနာက္ Camera လို အသံုးျပဳႏုိင္ပါတယ္။ ဖုန္းကို ျဖန္႔ထားရင္ Camera ေတြဟာ ဘယ္ဘက္ျခမ္းမွာ ျဖစ္ၿပီး ဘက္ထရီနဲ႔ တျခား အစိတ္အပိုင္းေတြကလည္း အဲဒီဘက္မွာ ရွိပါတယ္။

ဒါဟာ Patent အဆင့္မွာပဲရွိေသးၿပီး အဲဒီ ဖုန္း တကယ္ ထြက္လာမလားဆိုတာ မေသခ်ာေသးပါဘူး။ နည္းပညာ ကုမၸဏီေတြဟာ သူတို႔ရဲ႕ အိုင္ဒီယာေတြအတြက္ Patent မ်ားစြာကို မွတ္ပံုတင္ထားေလ့ရွိပါတယ္။ တကယ့္ ထုတ္ကုန္ အျဖစ္ မထြက္လာတဲ့ Patent မ်ားစြာလည္း ရွိပါတယ္။

Xiaomi ရဲ႕ Foldable ဖုန္း ၁ လံုးရဲ႕ ဗီဒီယိုနဲ႔ သတင္းအခ်က္အလက္ေတြ ထြက္ေပၚေနတာ ၾကာၿပီ ျဖစ္ေပမယ့္ တရား၀င္ မေၾကညာေသးပါဘူး။ စက္တင္ဘာလတုန္းက ကုမၸဏီဟာ ဖုန္း ၁ ခုလံုးရဲ႕ ပတ္ပတ္လည္ကို Flexible Display ပတ္ထားတဲ့ ဒီဇိုင္း အလန္းစား Mi Mix Alpha ကို ေၾကညာခဲ့ၿပီး မၾကာခင္ အကန္႔အသတ္နဲ႔ ေရာင္းမယ္လို႔ ေျပာပါတယ္။

Ref : gizmochina

[Unicode]

Pop-up ကင်မရာ ၅လုံးပါတဲ့ Foldable ဖုန်းကို Xiaomi မှတ်ပုံတင်

Penta Camera ပါတဲ့ Xiaomi Mi CC9 Pro / Mi Note 10 ကို ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပါတယ်။ Selfie Camera ပါထည့်တွက်ရင် စုစုပေါင်း Camera ၆ လုံးတောင် ပါပါတယ်။ အဲဒီ အနောက် Camera ၅ လုံးနဲ့ Selfie ဆွဲလိုက်ရရင်တော့ ရှယ်လန်းသွားမှာပါ။ အခုတော့ Xiaomi က အဲဒီလို လုပ်နိုင်မယ့် နည်းလမ်းကို ဖန်တီးနေတယ်လို့ ထင်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ Patent အရ Xiaomi က Pop-up Penta-camera ပါတဲ့ Foldable ဖုန်းကို ဖန်တီးနေတယ်လို့ ထင်ရပါတယ်။ အပြင်ဘက်ကို ခေါက်ချိုးရတဲ့ ဖုန်း ဖြစ်ပြီး Camera ၅ လုံးကို အရှေ့ ဒါမှမဟုတ် အနောက် Camera လို အသုံးပြုနိုင်ပါတယ်။ ဖုန်းကို ဖြန့်ထားရင် Camera တွေဟာ ဘယ်ဘက်ခြမ်းမှာ ဖြစ်ပြီး ဘက်ထရီနဲ့ တခြား အစိတ်အပိုင်းတွေကလည်း အဲဒီဘက်မှာ ရှိပါတယ်။

ဒါဟာ Patent အဆင့်မှာပဲရှိသေးပြီး အဲဒီ ဖုန်း တကယ် ထွက်လာမလားဆိုတာ မသေချာသေးပါဘူး။ နည်းပညာ ကုမ္ပဏီတွေဟာ သူတို့ရဲ့ အိုင်ဒီယာတွေအတွက် Patent များစွာကို မှတ်ပုံတင်ထားလေ့ရှိပါတယ်။ တကယ့် ထုတ်ကုန် အဖြစ် မထွက်လာတဲ့ Patent များစွာလည်း ရှိပါတယ်။

Xiaomi ရဲ့ Foldable ဖုန်း ၁ လုံးရဲ့ ဗီဒီယိုနဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပေမယ့် တရားဝင် မကြေညာသေးပါဘူး။ စက်တင်ဘာလတုန်းက ကုမ္ပဏီဟာ ဖုန်း ၁ ခုလုံးရဲ့ ပတ်ပတ်လည်ကို Flexible Display ပတ်ထားတဲ့ ဒီဇိုင်း အလန်းစား Mi Mix Alpha ကို ကြေညာခဲ့ပြီး မကြာခင် အကန့်အသတ်နဲ့ ရောင်းမယ်လို့ ပြောပါတယ်။

Ref : gizmochina