[Zawgyi]
တရုတ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူ Xiaomi ဟာ သူ႕ရဲ႕မၾကာခင္ ထြက္လာမယ့္ Play စမတ္ဖုန္း အတြက္ Teaser ပုိစတာေတြကို အြန္လိုင္းမွ စျဖန္႔လိုက္ၿပီး အဆုိပါဖုန္းကို ဒီဇင္ဘာ ၂၄ ရက္ေန႔မွာ တရားဝင္ ေၾကညာမိတ္ဆက္သြားမွာပါ။
ပုိစတာေတြထဲမွာ ဖုန္းကို ေရွ႕၊ ေနာက္ ႏွစ္မ်ဳိးလုံး ျမင္ေတြ႕ခဲ့ရၿပီး ေရွ႕ဘက္က Waterdrop Notch တစ္ခု ပါတဲ့ Display နဲ႔ ေက်ာဘက္မွ Dual ကင္မရာနဲ႔ Fingerprint Scanner တုိ႔ကို ေတြ႕ႏုိင္ပါတယ္။ ဒီဖုန္းဟာ ယမန္ေန႔က TENAA မွာေတြ႕ခဲ့တဲ့ ဖုန္းနဲ႔ အလြန္တူညီေနၿပီး ထိုဖုန္းကို Redmi 7 သုိ႔မဟုတ္ Redmi 7 Pro ျဖစ္ႏုိင္တယ္လို႔ ထင္ေၾကးေပးခဲ့ၾကေပမယ့္ အခုေတာ့ Play သာ ျဖစ္ေနပုံ ရပါတယ္။
လက္ရွိမွာ Xiaomi Play နဲ႔ပတ္သက္ၿပီး သိထားရတဲ့ Specs ေတြကေတာ့ 5.84” လက္မအရြယ္ 2280 x 1080p Display တစ္ခု၊ 2.3GHz Octa-core ပရုိဆက္ဆာ၊ ေက်ာဘက္ 12MP အဓိက ကင္မရာနဲ႔ 8MP ဆယ္လ္ဖီကင္မရာ တုိ႔အျပင္ 3,000 mAh ဘကၳရီတုိ႔ ျဖစ္ပါတယ္။
အျခားသတင္းတစ္ခုမွာေတာ့ Xiaomi Play စမတ္ဖုန္းဟာ မန္မုိရီဗားရွင္း သုံးမ်ဳိးထြက္လာမွာျဖစ္ၿပီး 4GB RAM / 64GB Storage သို႔မဟုတ္ 6GB / 64GB နဲ႔ 6GB / 128GB တုိ႔ျဖစ္မယ္လို႔ သိရပါတယ္။ ကာလာလည္း သုံးမ်ဳိး ရရွိႏုိင္မွာျဖစ္ကာ Black, Dream Blue နဲ႔ Dawn Gold လို႔ အမည္ေပးထားတယ္။
Xiaomi Play ဟာ Redmi 7 နဲ႔မတူတဲ့ သက္သက္မိသားစုဝင္ ဖုန္းျဖစ္လာမလား ဒါမွမဟုတ္ မတူညီတဲ့ ေစ်းကြက္ကုိ ထုိးေဖာက္ဖို႔ နာမည္ေျပာင္းေပးထားတာလား ဆုိတာကိုေတာ့ မၾကာခင္ ေတြ႕ရွိရေတာ့မွာပါ။ ဒီဇင္ဘာ ၂၄ ရက္ဟာ အလြန္နီးကပ္ေနၿပီျဖစ္တဲ့အတြက္ Xiaomi Play ကို နာမည္နဲ႔လိုက္ေအာင္ ဘာေတြ အသစ္ေတြ႕လာရမလဲ ဆုိတာ ရင္ခုန္စရာပါပဲ။
Ref – GSM Arena
[Unicode]
တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Xiaomi ဟာ သူ့ရဲ့မကြာခင် ထွက်လာမယ့် Play စမတ်ဖုန်း အတွက် Teaser ပိုစတာတွေကို အွန်လိုင်းမှ စဖြန့်လိုက်ပြီး အဆိုပါဖုန်းကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ တရားဝင် ကြေညာမိတ်ဆက်သွားမှာပါ။
ပိုစတာတွေထဲမှာ ဖုန်းကို ရှေ့၊ နောက် နှစ်မျိုးလုံး မြင်တွေ့ခဲ့ရပြီး ရှေ့ဘက်က Waterdrop Notch တစ်ခု ပါတဲ့ Display နဲ့ ကျောဘက်မှ Dual ကင်မရာနဲ့ Fingerprint Scanner တို့ကို တွေ့နိုင်ပါတယ်။ ဒီဖုန်းဟာ ယမန်နေ့က TENAA မှာတွေ့ခဲ့တဲ့ ဖုန်းနဲ့ အလွန်တူညီနေပြီး ထိုဖုန်းကို Redmi 7 သို့မဟုတ် Redmi 7 Pro ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် အခုတော့ Play သာ ဖြစ်နေပုံ ရပါတယ်။
လက်ရှိမှာ Xiaomi Play နဲ့ပတ်သက်ပြီး သိထားရတဲ့ Specs တွေကတော့ 5.84” လက်မအရွယ် 2280 x 1080p Display တစ်ခု၊ 2.3GHz Octa-core ပရိုဆက်ဆာ၊ ကျောဘက် 12MP အဓိက ကင်မရာနဲ့ 8MP ဆယ်လ်ဖီကင်မရာ တို့အပြင် 3,000 mAh ဘက္ထရီတို့ ဖြစ်ပါတယ်။
အခြားသတင်းတစ်ခုမှာတော့ Xiaomi Play စမတ်ဖုန်းဟာ မန်မိုရီဗားရှင်း သုံးမျိုးထွက်လာမှာဖြစ်ပြီး 4GB RAM / 64GB Storage သို့မဟုတ် 6GB / 64GB နဲ့ 6GB / 128GB တို့ဖြစ်မယ်လို့ သိရပါတယ်။ ကာလာလည်း သုံးမျိုး ရရှိနိုင်မှာဖြစ်ကာ Black, Dream Blue နဲ့ Dawn Gold လို့ အမည်ပေးထားတယ်။
Xiaomi Play ဟာ Redmi 7 နဲ့မတူတဲ့ သက်သက်မိသားစုဝင် ဖုန်းဖြစ်လာမလား ဒါမှမဟုတ် မတူညီတဲ့ ဈေးကွက်ကို ထိုးဖောက်ဖို့ နာမည်ပြောင်းပေးထားတာလား ဆိုတာကိုတော့ မကြာခင် တွေ့ရှိရတော့မှာပါ။ ဒီဇင်ဘာ ၂၄ ရက်ဟာ အလွန်နီးကပ်နေပြီဖြစ်တဲ့အတွက် Xiaomi Play ကို နာမည်နဲ့လိုက်အောင် ဘာတွေ အသစ်တွေ့လာရမလဲ ဆိုတာ ရင်ခုန်စရာပါပဲ။
Ref – GSM Arena