[Zawgyi]

၂၀၁၉ ခုႏွစ္ တတိယသုံးလပတ္အတြက္ ဝင္ေငြဆိုင္ရာအစီရင္ခံစာထြက္လာေတာ့ Xiaomi ဟာ စံခ်ိန္တင္ဝင္ေငြ ျဖစ္ေနတာကိုေတြ႕လိုက္ရပါတယ္။ ဒါေပမယ့္ အနည္းငယ္စိတ္ဝင္စားစရာေကာင္းတဲ့အခ်က္က စမတ္ဖုန္းေရာင္းအား က်ဆင္းေနတာ ျဖစ္ပါတယ္။

Xiaomi ဟာ စမတ္ဖုန္းေရာင္းအားက်သြားေပမယ့္ ဝင္ေငြေတာ့ စံခ်ိန္တင္ခဲ့တယ္ဆိုတဲ့ စိတ္ဝင္စားစရာကိစၥရဲ႕ေနာက္ကြယ္မွာရွိေနတာက IoT နဲ႔ Smart Home ဌာနေတြပဲ ျဖစ္ပါတယ္။ ဒီဌာနေတြက Xiaomi ရဲ႕ စံခ်ိန္တင္ဝင္ေငြေနာက္က ႀကီးမားတဲ့တြန္းအားေတြလို႔ဆိုရင္လည္း မမွားပါဘူး။

Xiaomi ရဲ႕ စမတ္ဖုန္းေရာင္းခ်မႈဝင္ေငြဟာ ဒီႏွစ္မွာ ေဒၚလာ ၄.၅၉ ဘီလီယံအထိရွိေပမယ့္ ေရာင္းအားေတာ့ ၇.၈ ရာခိုင္ႏႈန္း က်ဆင္းသြားတယ္လို႔ ဆိုပါတယ္။ ဒီတတိယသုံးလပတ္မွာ Xiaomi ဟာ စမတ္ဖုန္းအလုံးေရ ၃၂.၁ သန္းတင္ပို႔ခဲ့ၿပီး ကမာၻ႔စမတ္ဖုန္းတင္ပို႔ေရာင္းခ်မႈ စတုတၳေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

IoT devices ေတြနဲ႔ အျခား လွ်ပ္စစ္ပစၥည္းေတြရဲ႕ ေရာင္းခ်မႈရဲ႕ စုစုေပါင္းဝင္ေငြဟာ ေဒၚလာ ၂.၂၂ ဘီလီယံရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္အလားတူကာလနဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ ၄၄.၄ ရာခိုင္ႏႈန္းတိုးျမင့္လာတာလည္း ျဖစ္ပါတယ္။ Xiaomi ရဲ႕ စမတ္တီဗီနဲ႔ Laptop ေတြေရာင္းခ်မႈကပဲ ေဒၚလာ ၈၂၄ သန္းအထိ ရွိခဲ့တာပါ။ ႏွစ္စဥ္တိုးတက္မႈႏႈန္းအရ ၃၆.၅ ရာခိုင္ႏႈန္းတိုးျမင့္လာတာလည္း ျဖစ္ပါတယ္။

အခုဆိုရင္ Xiaomi ရဲ႕ ကမာၻ႔ေဈးကြက္ခ်ဲ႕ထြင္မႈဟာ အသီးအပြင့္ေတြစတင္သီးပြင့္ေနၿပီလို႔ ဆိုႏိုင္ပါတယ္။ တတိယသုံးလပတ္အတြက္ ျပည္ပဝင္ေငြဟာ ၁၇.၂ ရာခိုင္ႏႈန္းတိုးတက္လာၿပီး ဒါဟာ စုစုေပါင္းဝင္ေငြရဲ႕ ထက္ဝက္နီးပါး ရွိတယ္လို႔လည္း သိရပါတယ္။

Xiaomi ဟာ ၂၀၁၉ ခုႏွစ္ရဲ႕ ပထမ ၉ လအတြက္ အသားတင္အျမတ္ေငြ ေဒၚလာ၁.၃ ဘီလီယံ ရရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ အလားတူကာလနဲ႔ႏႈိင္းယွဥ္ရင္ ၃၇.၁ ရာခိုင္ႏႈန္း တိုးျမင့္လာတာလည္း ျဖစ္ပါတယ္။ ဒီ ၁.၃ ဘီလီယံဟာ ၿပီးခဲ့တဲ့ ၂၀၁၈ တစ္ႏွစ္လုံးရရွိတဲ့ အျမတ္ေငြထက္ေတာင္ မ်ားေနပါေသးတယ္။

Ref: GSM Arena

[Unicode]

စမတ်ဖုန်းရောင်းအားကျသွားပေမယ့် တတိယသုံးလပတ်မှာ စံချိန်တင်ဝင်ငွေရရှိခဲ့တဲ့ Xiaomi

၂၀၁၉ ခုနှစ် တတိယသုံးလပတ်အတွက် ဝင်ငွေဆိုင်ရာအစီရင်ခံစာထွက်လာတော့ Xiaomi ဟာ စံချိန်တင်ဝင်ငွေ ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ ဒါပေမယ့် အနည်းငယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်က စမတ်ဖုန်းရောင်းအား ကျဆင်းနေတာ ဖြစ်ပါတယ်။

Xiaomi ဟာ စမတ်ဖုန်းရောင်းအားကျသွားပေမယ့် ဝင်ငွေတော့ စံချိန်တင်ခဲ့တယ်ဆိုတဲ့ စိတ်ဝင်စားစရာကိစ္စရဲ့နောက်ကွယ်မှာရှိနေတာက IoT နဲ့ Smart Home ဌာနတွေပဲ ဖြစ်ပါတယ်။ ဒီဌာနတွေက Xiaomi ရဲ့ စံချိန်တင်ဝင်ငွေနောက်က ကြီးမားတဲ့တွန်းအားတွေလို့ဆိုရင်လည်း မမှားပါဘူး။

Xiaomi ရဲ့ စမတ်ဖုန်းရောင်းချမှုဝင်ငွေဟာ ဒီနှစ်မှာ ဒေါ်လာ ၄.၅၉ ဘီလီယံအထိရှိပေမယ့် ရောင်းအားတော့ ၇.၈ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ဒီတတိယသုံးလပတ်မှာ Xiaomi ဟာ စမတ်ဖုန်းအလုံးရေ ၃၂.၁ သန်းတင်ပို့ခဲ့ပြီး ကမ္ဘာ့စမတ်ဖုန်းတင်ပို့ရောင်းချမှု စတုတ္ထနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

IoT devices တွေနဲ့ အခြား လျှပ်စစ်ပစ္စည်းတွေရဲ့ ရောင်းချမှုရဲ့ စုစုပေါင်းဝင်ငွေဟာ ဒေါ်လာ ၂.၂၂ ဘီလီယံရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အလားတူကာလနဲ့နှိုင်းယှဉ်မယ်ဆိုရင် ၄၄.၄ ရာခိုင်နှုန်းတိုးမြင့်လာတာလည်း ဖြစ်ပါတယ်။ Xiaomi ရဲ့ စမတ်တီဗီနဲ့ Laptop တွေရောင်းချမှုကပဲ ဒေါ်လာ ၈၂၄ သန်းအထိ ရှိခဲ့တာပါ။ နှစ်စဉ်တိုးတက်မှုနှုန်းအရ ၃၆.၅ ရာခိုင်နှုန်းတိုးမြင့်လာတာလည်း ဖြစ်ပါတယ်။

အခုဆိုရင် Xiaomi ရဲ့ ကမ္ဘာ့ဈေးကွက်ချဲ့ထွင်မှုဟာ အသီးအပွင့်တွေစတင်သီးပွင့်နေပြီလို့ ဆိုနိုင်ပါတယ်။ တတိယသုံးလပတ်အတွက် ပြည်ပဝင်ငွေဟာ ၁၇.၂ ရာခိုင်နှုန်းတိုးတက်လာပြီး ဒါဟာ စုစုပေါင်းဝင်ငွေရဲ့ ထက်ဝက်နီးပါး ရှိတယ်လို့လည်း သိရပါတယ်။

Xiaomi ဟာ ၂၀၁၉ ခုနှစ်ရဲ့ ပထမ ၉ လအတွက် အသားတင်အမြတ်ငွေ ဒေါ်လာ၁.၃ ဘီလီယံ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့နှိုင်းယှဉ်ရင် ၃၇.၁ ရာခိုင်နှုန်း တိုးမြင့်လာတာလည်း ဖြစ်ပါတယ်။ ဒီ ၁.၃ ဘီလီယံဟာ ပြီးခဲ့တဲ့ ၂၀၁၈ တစ်နှစ်လုံးရရှိတဲ့ အမြတ်ငွေထက်တောင် များနေပါသေးတယ်။

Ref: GSM Arena