[Zawgyi]

Xiaomi Mi9 ဟာ ေဈးကြက္ထဲ စတင္မိတ္ဆက္ၿပီး တစ္လေက်ာ္အတြင္းမွာ အလုံးေရေပါင္း တစ္သန္းေက်ာ္ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့တာပါ။ Snapdragon 855 Chipset နဲ႔ Mi 9 ဟာ AnTuTu မွာလည္း စြမ္းေဆာင္ရည္အေကာင္းဆုံးအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရဖူးပါတယ္။

ေက်ာဘက္ ကင္မရာသုံးလုံး၊ OLED မ်က္ႏွာျပင္နဲ႔ျဖစ္ေပမယ့္ ေဈးႏႈန္းခ်ိဳသာတဲ့ Mi 9 ဟာ ျမင့္မားတဲ့ ဝယ္လိုအားကို ရရွိထားတာလည္း ျဖစ္ပါတယ္။ ကုမၸဏီအေနနဲ႔ လုံေလာက္ေအာင္ ထုတ္လုပ္ဖို႔ အစိတ္အပိုင္းေတြ အဆင္သင့္ ရွိေနတယ္ဆိုေပမယ့္ ေဈးကြက္မွာေတာ့ အကန႔္အသတ္နဲ႔ ေရာင္းခ်ေနရေသးတဲ့ အေနအထားပါ။

ဒါေၾကာင့္ ဝယ္လိုအားမ်ားလြန္းၿပီး ပစၥည္းျပတ္သြားတတ္တဲ့ ျပႆနာကို ေျဖရွင္းဖို႔အတြက္ ထုတ္လုပ္မႈကို ပိုမိုျမန္ဆန္သြားေအာင္ျပဳလုပ္ေပးဖို႔ ႀကိဳးစားေနေၾကာင္း CEO Lei Jun က အတည္ျပဳလိုက္ပါတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္က ထြက္ေပၚလာတဲ့စာရင္းအရ Mi 9 အမ်ိဳးအစား အားလုံးေပါင္း (Mi 9 SE လည္းပါဝင္) ေရာင္းခ်ရမႈက အလုံးေရေပါင္း ၁.၅ သန္း ျဖစ္လာပါတယ္။

Mi 9 SE ဟာ Mi 9 ထက္ ေသးငယ္တဲ့ အမ်ိဳးအစားျဖစ္ၿပီး တ႐ုတ္ျပည္တြင္းေဈးကြက္မွာပဲ ေရာင္းခ်ရေသးတာပါ။ Snapdragon 712 သုံးထားတဲ့ Mi 9 SE ကလည္း မၾကာခင္ ႏိုင္ငံတကာ ေဈးကြက္ကို တိုးဝင္ေတာ့မယ့္ အလားအလာမွာ ရွိေနပါတယ္။ Xiaomi ရဲ႕ CEO ကေတာ့ ၿပီးခဲ့တဲ့ မတ္လ အေစာပိုင္းအခ်ိန္ေတြက ထုတ္လုပ္မႈပိုင္းမွာ အခက္အခဲေတြနဲ႔ ႀကဳံေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒီအခက္အခဲေတြအေၾကာင္း အေသးစိတ္မေျပာခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ကုမၸဏီက ေျဖရွင္းႏိုင္ခဲ့ၿပီျဖစ္တဲ့အတြက္ တစ္လကို Mi 9 အလုံးေရ တစ္သန္းနဲ႔အထက္ ထုတ္လုပ္ႏိုင္ဖို႔ တြန္းအားေပးေနၿပီလို႔ ဆိုပါတယ္။ ဒါေၾကာင့္ မၾကာခင္အခ်ိန္အတြင္း ႏိုင္ငံတကာေဈးကြက္ထဲမွာ Mi 9 ေတြကို အလုံးအရင္းနဲ႔ ေတြ႕ျမင္လာရဖြယ္ ရွိေနၿပီလို႔ ဆိုရမွာပါ။

Ref: GSMArena

[Unicode]

Mi 9 နဲ့ Mi 9 SE ထုတ်လုပ်မှုတွေကို အရှိန်မြှင့်တင်နေတဲ့ Xiaomi

Xiaomi Mi9 ဟာ ဈေးကွက်ထဲ စတင်မိတ်ဆက်ပြီး တစ်လကျော်အတွင်းမှာ အလုံးရေပေါင်း တစ်သန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့တာပါ။ Snapdragon 855 Chipset နဲ့ Mi 9 ဟာ AnTuTu မှာလည်း စွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရဖူးပါတယ်။

ကျောဘက် ကင်မရာသုံးလုံး၊ OLED မျက်နှာပြင်နဲ့ဖြစ်ပေမယ့် ဈေးနှုန်းချိုသာတဲ့ Mi 9 ဟာ မြင့်မားတဲ့ ဝယ်လိုအားကို ရရှိထားတာလည်း ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ လုံလောက်အောင် ထုတ်လုပ်ဖို့ အစိတ်အပိုင်းတွေ အဆင်သင့် ရှိနေတယ်ဆိုပေမယ့် ဈေးကွက်မှာတော့ အကန့်အသတ်နဲ့ ရောင်းချနေရသေးတဲ့ အနေအထားပါ။

ဒါကြောင့် ဝယ်လိုအားများလွန်းပြီး ပစ္စည်းပြတ်သွားတတ်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ထုတ်လုပ်မှုကို ပိုမိုမြန်ဆန်သွားအောင်ပြုလုပ်ပေးဖို့ ကြိုးစားနေကြောင်း CEO Lei Jun က အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ထွက်ပေါ်လာတဲ့စာရင်းအရ Mi 9 အမျိုးအစား အားလုံးပေါင်း (Mi 9 SE လည်းပါဝင်) ရောင်းချရမှုက အလုံးရေပေါင်း ၁.၅ သန်း ဖြစ်လာပါတယ်။

Mi 9 SE ဟာ Mi 9 ထက် သေးငယ်တဲ့ အမျိုးအစားဖြစ်ပြီး တရုတ်ပြည်တွင်းဈေးကွက်မှာပဲ ရောင်းချရသေးတာပါ။ Snapdragon 712 သုံးထားတဲ့ Mi 9 SE ကလည်း မကြာခင် နိုင်ငံတကာ ဈေးကွက်ကို တိုးဝင်တော့မယ့် အလားအလာမှာ ရှိနေပါတယ်။ Xiaomi ရဲ့ CEO ကတော့ ပြီးခဲ့တဲ့ မတ်လ အစောပိုင်းအချိန်တွေက ထုတ်လုပ်မှုပိုင်းမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအခက်အခဲတွေအကြောင်း အသေးစိတ်မပြောခဲ့ပေမယ့် အခုအချိန်မှာတော့ ကုမ္ပဏီက ဖြေရှင်းနိုင်ခဲ့ပြီဖြစ်တဲ့အတွက် တစ်လကို Mi 9 အလုံးရေ တစ်သန်းနဲ့အထက် ထုတ်လုပ်နိုင်ဖို့ တွန်းအားပေးနေပြီလို့ ဆိုပါတယ်။ ဒါကြောင့် မကြာခင်အချိန်အတွင်း နိုင်ငံတကာဈေးကွက်ထဲမှာ Mi 9 တွေကို အလုံးအရင်းနဲ့ တွေ့မြင်လာရဖွယ် ရှိနေပြီလို့ ဆိုရမှာပါ။

Ref: GSMArena