Xiaomi က Redmi 10 Series ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Redmi 10C လို့ နာမည်ပေးထားပြီး အရွယ်သေး Notch တပ်ဆင်ထားပါတယ်။ အနောက်ဘက် ကင်မရာ Island က စတုရန်းပုံ ဖြစ်ပြီး ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။

Redmi 10C

Redmi 10C မှာ ၆.၇၁ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားပြီး Specs အသေးစိတ်ကို Xiaomi က မပြောသေးပါဘူး။ HD+ သို့မဟုတ် FHD+ Resolution ပါလာမလား မသိရသေးဘဲ Android 11 OS အခြေပြု MIUI 13 မောင်းနှင်ထားပါတယ်။

Redmi 10C listed on Jumia store ahead of launch - check specs and price -  Gizmochina

Redmi 10C မှာ Snapdragon 680 Chipset မောင်းနှင်ထားပြီး 4GB LPDDR4x RAM ထည့်သွင်းထားပါတယ်။ Storage အပိုင်းမှာ 64GB နဲ့ 128GB တွေ ရွေးချယ်နိုင်ပြီး microSD Card စိုက်နိုင်ပါတယ်။ 10W Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Redmi 10C မှာ 5MP အရှေ့ ကင်မရာ ၁ လုံး ပါလာပြီး အနောက်ဘက်မှာ 50MP Main နဲ့ 2MP ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ Black , Blue နဲ့ Green ၃ ရောင် ထုတ်လုပ်ထားပြီး 4GB RAM +64GB Storage Version ကို ၁၈၈ ဒေါ်လာနဲ့ 4GB RAM + 128GB Version ကို ၂၀၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃၄၀,၀၀၀ နဲ့ ၃၇၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

Redmi 10C ကို အိန္ဒိယမှာ Redmi 10 နာမည်နဲ့ ကြေညာမယ်လို့ သတင်းထွက်နေပြီး အဲဒီဖုန်းကိုပဲ အိန္ဒိယမှာ POCO C4 နာမည်နဲ့ ချပြနိုင်ပါတယ်။ Redmi 10 နဲ့ POCO C4 ကို အိန္ဒိယမှာ မတ်လ သို့မဟုတ် ဧပြီလအတွင်း ကြေညာနိုင်ပါတယ်။

Ref : gizmochina