Xiaomi ကနေ Redmi 5 စမတ်ဖုန်းကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကြေငြာသွားတော့မှာဖြစ်ပါတယ်။ အခုလိုမျိုး ၂ ရက်လောက်ပဲ လိုတော့တဲ့အချိန်မှာ Xiaomi ကနေ Redmi 5 ရဲ့ ကြော်ငြာကို ထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်။

အဆိုပါ Video မှာတော့ Xiaomi Redmi 5 စမတ်ဖုန်းရဲ့ ရှည်မျောမျော 18:9 Ratio Screen ကိုတွေ့မြင်ခဲ့ရပြီး အရှေ့ဘက်မှာ Screen ကလွဲပြီး အခြားခလုတ်တစ်ခုမှ မတွေ့ခဲ့ရပါဘူး။

Xiaomi Redmi 5 စမတ်ဖုန်းကို လာမယ့်ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထုတ်သွားမှာဖြစ်ပြီးတော့ အရောင် ၄ မျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့လည်း ဒေါ်လာ ၁၀၀ ဝန်းကျင်ပဲရှိမယ်လို့ ခန့်မှန်းရပါတယ်။

Xiaomi ရဲ့ ကြော်ငြာဗီဒီယိုကို တင်ပေးလိုက်ပါတယ်။