Xiaomi ကနေ ပြီးခဲ့တဲ့နှစ်မကုန်ခင်တုန်းက 18:9 Full Screen Display တွေကို ပထမဆုံးအနေနဲ့ အသုံးပြုထားတဲ့ Redmi 5 နဲ့ Redmi 5 Plus စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။

စတင်ရောင်းချတဲ့အချိန်တုန်းက ဈေးပိုသက်သာတဲ့ Redmi 5 စမတ်ဖုန်းကို RAM 2GB ၊ ROM 16GB နဲ့ RAM 3GB ၊ ROM 32GB နဲ့ပဲ ရောင်းချတာဖြစ်ပေမယ့် အခုအချိန်မှာတော့ Xiaomi ကနေ Redmi 5 စမတ်ဖုန်းကို RAM 4GB ၊ ROM 32GB နဲ့ပါ ထပ်မံထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး Redmi 5 စမတ်ဖုန်းမှာပါ RAM 4GB ကို ရရှိနိုင်ပြီဖြစ်တဲ့အတွက် RAM 4GB ဖုန်းကို လိုချင်တဲ့သူတွေအနေနဲ့ ဈေးပိုကြီးတဲ့ Redmi 5 Plus RAM 4GB Version ကို ဝယ်ယူစရာမလိုပဲ ဝယ်ယူနိုင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ RAM အနေနဲ့ 4GB ပါဝင်မှာဖြစ်ပေမယ့် Storage ကပြောင်းလဲသွားမှာမဟုတ်ပဲ 32GB ပဲပါဝင်မှာဖြစ်ပါတယ်။

Redmi 5 စမတ်ဖုန်းဟာ 5.7″ 18:9 HD Display ၊ Qualcom Snapdragon 450 Processor ၊ 13MP Back Camera + 5MP Front Camera နဲ့ 3300mAh ပါဝင်တဲ့ Entry Level စမတ်ဖုန်းတစ်ခုဖြစ်ပြီး အခုအသစ်ထွက်ရှိလာတဲ့ RAM 4GB Version ကို ဒေါ်လာ ၁၇၀ ဝန်းကျင်နဲ့ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။