Xiaomi ဟာ တန်ဖိုးကြီး စမတ်ဖုန်းတွေအပြင် တန်ဖိုးနည်း စမတ်ဖုန်းတွေ၊ ဖုန်း အဟောင်းတွေကိုလည်း Software Update ဖြန့်ချိပေးရာမှာ နာမည်ကြီးပါတယ်။ နောက်ဆုံးထုတ် Android Version မဟုတ်ရင်တောင် လုပ်ဆောင်ချက် အသစ်တွေ ပါတဲ့ နောက်ဆုံးထုတ် MIUI Version တွေကို ဖြန့်ချိပေးလေ့ရှိပါတယ်။ အခုလည်း Redmi 8, 8A နဲ့ 7A တို့အတွက် MIUI 12 ကို ထုတ်လုပ်ပေးလိုက်ပါပြီ။

Redmi 8 Vs Redmi 8A - Full Comparison Hindi - YouTube

Redmi 8 အတွက် MIUI 12 ကို Global , EEA နဲ့ Russia တို့အတွက် ဖြန့်ချိပေးလိုက်ပြီး Redmi 8A အတွက်တော့ China နဲ့ EEA တို့မှာ ရကြမှာ ဖြစ်ပါတယ်။ Redmi 8 အတွက် Final Stable Software ရပြီ ဖြစ်ပြီး ကျန်တဲ့ Firmwares တွေကတော့ Stable Beta Version အဆင့်ပဲရှိပါသေးတယ်။

Redmi 8 and 8A launched in China with sub $100 starting price - GSMArena.com news

India မှာတော့ Redmi 7A ဟာ MIUI 12 ကို ရရှိသွားပါပြီ။ ဒါပေမယ့် Stable Beta Version ကိုပဲ ရထားသေးတာ ဖြစ်ပြီး Bug ကြီးကြီးမားမား မတွေ့ရင်တော့ Final Stable Version ကို မကြာခင် ဖြန့်ချိပေးနိုင်ပါတယ်။

MIUI 12 မှာ Privacy , Security နဲ Multitasking တွေကို အသားပေး ပြုလုပ်ပေးထားပြီး ဒီဇိုင်း အသစ်ကို သုံးထားပါတယ်။ Animation အသစ်တွေ ထည့်သွင်းထားပြီး Dark Mode 2.0 ပါလာပါတယ်။ Floating Window , New Control Center နဲ့ Enhanced Privacy Protection တွေ ထည့်သွင်းထားပါတယ်။ Xiaomi က MIUI 12.5 ကို ကြေညာထားပြီးပြီ ဖြစ်ပြီး တချို့ဖုန်းတွေမှာ Closed Beta Version ကို ရနေပါပြီ။

Ref : gsmarena