Xiaomi ကနေ မနေ့ညတုန်းက Redmi Note 12 Series ကို တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Redmi Note 12 Series ဖုန်းတွေထဲမှာ ယခင်တုန်းက သတင်းထွက်ရှိထားတဲ့ Redmi Note 12 ၊ Redmi Note 12 Pro ၊ Redmi Note 12 Pro+ ဖုန်းတွေပါဝင်ခဲ့သလို ထူးထူးခြားခြားအနေနဲ့ Redmi Note 12 Explorer ဖုန်းကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။

အဆိုပါ Redmi Note 12 Explorer ဖုန်းဟာ Design ပိုင်း၊ Specification ပိုင်းတွေမှာ Redmi Note 12 Pro+ ဖုန်းနဲ့ ဆင်တူပြီးတော့ အဓိကကွာခြားချက်တစ်ခုရှိမှာဖြစ်ပါတယ်။ ဒါကတော့ Redmi Note 12 Explorer ဖုန်းဟာ Fast Charging ပိုင်းမှာ 210W Fast Charging ကို ထောက်ပံ့ပေးထားတာပဲဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ Charging Speed အမြန်ဆန်ဆုံးစမတ်ဖုန်းလို့တောင် ပြောနိုင်ပါတယ်။

အခုလိုမျိုး 210W Fast Charging ကို အသုံးပြုထားတဲ့အတွက် Battery Capacity အနေနဲ့ 5000mAh ကနေ 4300mAh Battery ပဲပါဝင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် 0-100% အပြည့်အားသွင်းဖို့ကို အချိန် ၉ မိနစ်ပဲ ပေးရတော့မှာဖြစ်ပြီး ၅ မိနစ်အားသွင်းရုံနဲ့ 66% အထိ အားသွင်းနိုင်မှာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ 120W Fast Charging နဲ့ 5000mAh Battery ပါဝင်တဲ့ Redmi Note 12 Pro+ ဖုန်းဟာ အားအပြည့်သွင်းဖို့ အချိန် ၁၉ မိနစ်ပေးရမှာဖြစ်ပါတယ်။

210W Fast Charging ကို ထောက်ပံ့ပေးထားပေမယ့်လည်း Charging Adapter ဟာ GaN နည်းပညာကို အသုံးပြုထားတဲ့အတွက် အရွယ်အစားသေးငယ်မယ်လို့ သိရပါတယ်။ တကယ်လို့ USB-PD Charging နည်းပညာကို အဆိုပါ Charger နဲ့ ပြန်လည်အားသွင်းမယ်ဆိုရင်တော့ 65W ပဲ ထုတ်ပေးသွားမှာဖြစ်ပါတယ်။

Redmi Note 12 Explorer ဖုန်းဟာ Specs တွေအနေနဲ့ 200MP Main Camera ၊ 8MP Ultra Wide Camera နဲ့ 2MP Macro Camera တွေပါဝင်တဲ့ Triple Camera Setup တွေကို အသုံးပြုထားမှာဖြစ်ပြီး Dimensity 1080 Chipset ကို အသုံးပြုပေးထားပါတယ်။ Display အနေနဲ့ကတော့ 6.67″ 120Hz OLED Display ပါဝင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ RAM 8GB ၊ Storage 256GB Model ကို 2,399 Yuan နဲ့ စတင်ရောင်းချသွားမှာဖြစ်ပြီး မြန်မာငွေ ၁၀ သိန်းအထက်ကျသင့်မယ်လို့ ယူဆရပါတယ်။

Ref – GSM Arena