Xiaomi က Snapdragon 8s Gen 3 Chipset ပါတဲ့ Redmi Note 13 Turbo ကို တရုတ်မှာ ကြေညာတော့မှာပါ။ အဲဒီဖုန်းကို နိုင်ငံတကာမှာ Poco F6 အမည်နဲ့ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ ဓါတ်ပုံတချို့ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Xiaomi Redmi Note 13 Turbo/Poco F6

Redmi Brand ရဲ့ အထွေထွေ မန်နေဂျာ Thomas Wang က ဖုန်း အသစ် ၁ လုံးကို ပြသလိုက်ပြီး ဖုန်း အရှေ့ပိုင်းဟာ စွဲဆောင်မှု ကောင်းတယ်လို့ ပြောပါတယ်။ အဲဒီဖုန်းဟာ Redmi Note 13 Turbo ဖြစ်နိုင်ပါတယ်။

Xiaomi Redmi Note 13 Pro, Redmi Note 13 Pro Plus and Redmi Note 13 Turbo detailed months before release - NotebookCheck.net News

အဲဒီဖုန်းရဲ့ ဗီဒီယို အတို ၁ ခုကို လူမှုကွန်ရက်မှာ တင်ထားပါတယ်။ ပြားချပ်တဲ့ မျက်နှာပြင် တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာအတွက် Punch Hole ၁ ခုထဲ ပါပါတယ်။ ပါဝါခလုတ်က အနည်းငယ် ငေါထွက်နေပြီး OLED မျက်နှာပြင် ပါလာနိုင်ပါတယ်။ လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ ထည့်သွင်းထားနိုင်ပါတယ်။

Snapdragon 8s ဟာ ဒုတိယနဲ့ တတိယ မျိုးဆက် Snapdragon  8 Chip အကြားမှာ ရှိပြီး 3GHz Prime Cortex-X4 Core ၁ လုံးပါလာမှာပါ။ ပေါက်ကြားသတင်းတွေ မှန်မယ်ဆိုရင် Note 13 Turbo မှာ အဲဒီ SoC ပါလာမှာဖြစ်ပြီး စွမ်းရည်သင့် ဖုန်းတွေထဲမှာ စွမ်းရည်မြင့် Chipset ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်ပါတယ်။

Ref : gsmarena