Xiaomi က ဈေးနှုန်းချိုသာတဲ့ စွမ်းရည်သင့် Redmi Note 13R ကို ကြေညာလိုက်ပါတယ်။ ဒီဇိုင်းက Redmi Note 12R နဲ့ ဆင်တူပေမယ့်ကင်မရာနဲ့ LED Flash ဒီဇိုင်းကို ပြောင်းလဲထားပါတယ်။

Xiaomi silently launches Redmi Note 13R

Redmi Note 13R မှာ Snapdragon 4 Gen 2 Chipset မောင်းနှင်ထားပြီး 6.79”  LCD Display ပါပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားပြီး Full HD+ Resolution ပါပါတယ်။

Xiaomi silently launches Redmi Note 13R

အနောက်ဘက်မှာ 50MP Main နဲ့ 2MP Macro ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။ အရင်မျိုးဆက်မှာတော့ 5MP အရှေ့ ကင်မရာကိုပဲ ထည့်သွင်းထားပါတယ်။ 33W Charging ထောက်ပံ့တဲ့ 5,030mAh Battery ပါလာပါတယ်။ HyperOS မောင်းနှင်ထားပြီး Blue, Silver နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Memory Configuration ၅ မျိုးတောင် ထည့်သွင်းထားပါတယ်။

ဈေးအချိုဆုံး 6/128GB Version ကို ၁၉၅ ဒေါ်လာနဲ့ ဈေးအကြီးဆုံး 12/512GB Version ကို ၃၀၅ ဒေါ်လာ သတ်မှတ်ထားပြီး တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena