ပြီးခဲ့တဲ့ မတ်လတုန်းက Xiaomi အနေနဲ့ Redmi Note 5 စမတ်ဖုန်း ကို Rose Gold၊ Gold၊ Black၊ Magic Blue စတဲ့ အရောင် လေးမျိုး အနေနဲ့ မိတ်ဆက်ပေးခဲ့ပြီး ယခုအခါမှာတော့ Redmi Note 5 Flame Red Edition ကို ထပ်မံ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ Redmi Note 5 Flame Red Edition ဟာ အရင်တုန်းက ထွက်ရှိထားတဲ့ Redmi Note 5 မော်ဒယ်တွေနဲ့ Specifications ပိုင်း မှာ ကွဲပြား ခြားနားမှု ရှိမှာ မဟုတ်ပဲ အရောင် တစ်ခုပဲ ကွဲပြားသွားမှာ ဖြစ်ပါတယ်။
Redmi Note 5 Flame Red Edition မှာ ၅.၉၉ လက်မ အရွယ်အစား ရှိ FHD+ (2160 x 1080 Pixels) Resolution Display ကို အသုံးပြုထားပါတယ်။ Processor ပိုင်း အတွက်ကိုတော့ Snapdragon 636 SoC အသုံးပြုထားပြီး RAM 4 GB၊ Internal 64GB ပါဝင်မှာ ဖြစ်ပါတယ်။ Redmi Note 5 မှာ အဓိက အသားပေးထားတဲ့ အချက်ကတော့ AI နည်းပညာ ပါဝင်တဲ့ ကင်မရာပိုင်းပဲ ဖြစ်ပါတယ်။
Selfie ပိုင်း အတွက် LED Flash နဲ့အတူ AI Portrait Mode ပါဝင်တဲ့ 13 MP ကို Selfie ကင်မရာ ကို အသုံးပြုထားပါတယ်။ Redmi Note 5 ရဲ့ Selfie ကင်မရာမှာ Pre-HDR Feature ပါဝင်တာကြောင့် အလင်းရောင် အပြည့်အဝ မရနိုင်တဲ့ နေရာတွေမှာ ဓါတ်ပုံရိုက်ကူးရင်တောင် သေသပ်လှပတဲ့ Selfie ပုံကောင်းလေးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Front ကင်မရာ ကို အသုံးပြုပြီး Full HD Video တွေ ရိုက်ကူးနိုင်အုံးမှာ ဖြစ်ပါတယ်။
ဖုန်း ရဲ့ နောက်ကျောဘက်မှာတော့ AI နည်းပညာ ပါဝင်တဲ့ Dual Rear Camera Setup နဲ့ အတူ Fingerprint Sensor ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Dual Rear Camera Setup အတွက် 1.4 micron၊ f/1.9 12MP Primary Sensor နဲ့ အတူ 5MP Secondary Sensor ကို တွဲဖက် အသုံးပြုပေးထားပါတယ်။ Dual Rear Camera မှာ Dual Autofocus၊ EIS (Electronic Image Stabilization)၊ HDR၊ Burst Mode၊ Panorama စတဲ့ Features တွေ ပါဝင်မှာ ဖြစ်ပြီး Full HD ဗွီဒီယိုတွေကို ရိုက်ကူးနိုင်မှာ ဖြစ်တဲ့အပြင် 720p Slow-Motion ဗွီဒီယိုတွေကိုပါ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
Redmi Note 5 Flame Red Edition ကို ယနေ့ ဇွန်လ ၂၆ ရက်နေ့ တရုတ် နိုင်ငံမှာ ကန်ဒေါ်လာ ၂၁၃ ဒေါ်လာ ဖြင့် စတင် ဝယ်ယူနိုင်မှာ ဖြစ်ပြီး မကြာမီ အချိန်အတွင်းမှာ ကမ္ဘာတစ်ဝှမ်း သို့ ဖြန့်ချီရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Photo Credit: Gizmo China, GSM Arena