Xiaomi ရဲ့ နာမည်ကြီးအရောင်းသွက်ဖုန်းအမျိုးအစားဖြစ်တဲ့ Redmi Series ထဲကို ဖုန်းသစ်တစ်ခုထပ်ပြီးတိုးလာတော့မှာဖြစ်ပါတယ်။ Xiaomi Redmi Note 5 ဖုန်းရဲ့ ဒီဇိုင်းနဲ့ ပါဝင်လာမယ့် Specifications တွေကို Chinese Certification Website တစ်ခုဖြစ်တဲ့ TENNA Website မှာ တွေ့မြင်ခဲ့တဲ့အတွက် မကြာခင်တရားဝင်ထုတ်ပြန်သွားတော့မှာပဲဖြစ်ပါတယ်။

Xiaomi Redmi Note 5 ဖုန်းက ယခင် Redmi Note Series ဖုန်းတွေနဲ့မတူညီပဲ ခွဲထွက်လာမှာဖြစ်ပြီး Screen Display အနေနဲ့လည်း 5.5″ အစား 5.9″ 18:9 Ratio Display ကိုပြောင်းလဲသုံးစွဲလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖုန်းရဲ့ ရှေ့မျက်နှာစာတစ်ခုလုံးက Screen အပြည့်ဖြစ်သွားတော့မှာပါ။

ဖုန်းနဲ့နောက်ဖက်မှာတော့ Fingerprint Scanner နဲ့ Camera ကို တွေ့မြင်ရပြီး ကင်မရာအနေနဲ့ Dual Camera ကို မသုံးသေးပဲ Single 12 Megapixels Camera ကိုပဲ အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။ Front Selfie Camera ကတော့ 5MP Camera ပဲအသုံးပြုလာဦးမှာပါ။

ဖုန်းရဲ့ Performance ပိုင်းအနေနဲ့ကတော့ Octa Core 2.0Ghz CPU ကို အသုံးပြုလာမှာဖြစ်ပြီး MediaTek Helio P25 CPU နဲ့ Qualcomm Snapdragon 630 CPU ၂ မျိုးစလုံးကို အသုံးပြုသွားမယ်လို့ ခန့်မှန်းရပါတယ်။ RAM အနေနဲ့ 3GB နဲ့ 4GB Version ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး ကိုယ်ရွေးချယ်တဲ့ပေါ်မှုတည်ပြီး Internal Storage ကလည်း 16GB ကနေ 64GB အထိ ပြောင်းလဲသွားမှာပါ။

Xiaomi Redmi Note 5 ဖုန်းရဲ့ ဈေးနှုန်းတွေအနေနဲ့ကတော့ ငွေကျပ် ၂ သိန်းဝန်းကျင်ကနေ စတင်ရရှိနိုင်မယ်လို့ ခန့်မှန်းထားတဲ့အတွက် Budget ဖုန်းတွေထဲမှာ ရွေးချယ်စရာအသစ်တစ်ခုတိုးလာဦးမှာပါ။