Xiaomi ကတော့ ဈေးနှုန်းအသင့်အတင့်နဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးပြီးတော့ အခုအချိန်မှာလည်း အိန္ဒိယနိုင်ငံမှာ အောင်မြင်တဲ့ ရလဒ်တစ်ခုကို ထပ်မံရရှိခဲ့ပြီပဲဖြစ်ပါတယ်။

Xiaomi ကနေ Redmi Note 5A ကို တရုတ်နိုင်ငံမှာ မနှစ်က အောက်တိုဘာလထဲက ရောင်းချခဲ့တာဖြစ်ပေမယ့် အိန္ဒိယနိုင်ငံမှာတော့ ဒီဇင်ဘာလထဲရောက်မှ ရောင်းချခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချတဲ့အချိန်ကနေ တစ်လအတွင်းကို Redmi Note 5A အလုံး ၁ သန်းကျော်ရောင်းချခဲ့ရတယ်လို့ Xiaomi က ထုတ်ပြန်ခဲ့ပြီးတော့ အခုကိန်းဂဏန်းတွေဟာ အခြားသော စမတ်ဖုန်းတွေနဲ့ ယှဉ်မယ်ဆိုရင် အလွန်များပြားနေတာပဲဖြစ်ပါတယ်။

Xiaomi Redmi Note 5A ဟာ RAM 2GB ၊ ROM 16 GB Version ကို ၇၉ ဒေါ်လာထဲနဲ့ ရောင်းချတာဖြစ်တဲ့အတွက်ကြောင့်လည်း အခုလိုရောင်းအားကောင်းနေတာဖြစ်နိုင်ပြီး အခုဆိုရင် Xiaomi ဟာ အိန္ဒိယနိုင်ငံမှာ Samsung ကို ကျော်လွန်ပြီး အရောင်းရဆုံး စမတ်ဖုန်းဖြစ်လာပြီလို့ သိရပါတယ်။