Xiaomi ရဲ့ မနှစ်ကထွက်ရှိခဲ့တဲ့ Mi 5X စမတ်ဖုန်းဟာ အောင်မြင်ခဲ့တဲ့စမတ်ဖုန်းတစ်ခုဖြစ်ခဲ့ပြီး Dual Camera စနစ်ကို Mid Range ဖုန်းတွေထဲမှာ အကောင်းဆုံးအသုံးပြုနိုင်တဲ့ စမတ်ဖုန်းတစ်ခုလို့ပြောလို့ရပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Mi 5X ရဲ့ မျိုးဆက်ဖြစ်တဲ့ Mi 6X စမတ်ဖုန်းကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ Mi 6X ရဲ့ Hands-on ဓါတ်ပုံတွေအရ Xiaomi က အခု Mi 6X စမတ်ဖုန်းမှာ Apple iPhone X နဲ့ ထပ်တူညီနဲ့ နောက်ကျောဘက် Dual Camera စနစ်ကို အသုံးပြုလာဦးမှာဖြစ်ပြီးတော့ အခုနောက်ပိုင်းခေတ်စားလာတဲ့ Full View 18:9 Ratio နဲ့ 5.99 Display ပါဝင်လာမှာဖြစ်ပါတယ်။

ဒီတစ်ခုမှာတော့ Xiaomi Mi 6X ဟာ Xiaomi ရဲ့ ကိုယ်ပိုင် Processor အသစ်ဖြစ်တဲ့ Surge S2 Chipset ကိုအသုံးပြုလာမှာဖြစ်ပြီးတော့ Octa Core CPU နဲ့ Mali-G71 MP8 GPU ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။

အခုလိုမျိုး Xiaomi ကနေ Mi 6X စမတ်ဖုန်းကိုထုတ်လုပ်မယ့်အတွက် Mi 5X တုန်းက Pure Android OS နဲ့ Mi A1 ထုတ်ခဲ့သလိုမျိုး အခုလည်း Mi A2 ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။