[Unicode]

Xiaomi က တရုတ်မှာ Wireless Keyboard နဲ့ Mouse ကို ကြေညာလိုက်ပါတယ်။ Plug-and-play အမျိုးအစား ဖြစ်ပြီး Driver မလိုအပ်ပါဘူး။ Xiaomi ရဲ့ Wireless Keyboard နဲ့ Mouse ဟာ ရုံးသုံးဖို့အတွက် ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ပါးလွှာ ပေါ့ပါးတဲ့ ဒီဇိုင်းဖြစ်ပြီး 2.4GHz Wireless Connection ကို ထောက်ပံ့ပါတယ်။ စွမ်းအင်စားသုံးတာ သက်သာစေတဲ့ Sleep နည်းပညာ ထည့်သွင်းထားပြီး ရုံးဝန်ထမ်းတွေရဲ့ အထွေထွေ လိုအပ်ချက်တွေနဲ့ ကိုက်ညီပါတယ်။

Keyboard မှာ 104 Full-size Key Layout ကို အသုံးပြုထားပြီး Function Keys , Keypads နဲ့ Arrow Keys တွေ အားလုံး ပါဝင်ပါတယ်။ Fn Composite Keys တွေ ထည့်သွင်းထားပြီး အသံ၊ မီဒီယာတွေကို ထိန်းချုပ်ဖို့ Fn Key နဲ့ F1- ~ F12 Key တွေကို ပေါင်းစပ် အသုံးပြုနိုင်တဲ့ Shortcut Key Functions တွေ ပါပါတယ်။ ညာဘက်အထက်မှာ Caps Lock, Number Lock နဲ့ Power Indicator တို့အတွက် Indicator Lights ၄ လုံး ထည့်ထားပါတယ်။

Keys တွေကို နှိပ်ရတာ သက်တောင့်သက်သာဖြစ်အောင် ဖန်တီးထားပါတယ်။ Keys ပေါ်က စာတွေကို လေဆာနဲ့ ရေးထွင်းထားတဲ့အတွက် ကြာရှည်ခံစေပါတယ်။ Keyboard ရဲ့ အောက်ခြေကို ၆ ဒီဂရီ တိမ်းစောင်းထားတဲ့အတွက် အချိန်ကြာမြင့်စွာ စာရိုက်သူတွေအတွက် လက်ညောင်းသက်သာစေပါတယ်။

Mouse ကလည်း ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်း ဖြစ်ပြီး ၆၀ ဂရမ်သာ အလေးချိန်ရှိပါတယ်။ အရွယ်အစားက သာမာန် Mouse အရွယ်အစားပဲ ဖြစ်ပါတယ်။ လက်နဲ့ ကိုင်ရတာ သက်တောင့်သက်သာဖြစ်ပြီး မြဲမြံအောင် ဒီဇိုင်းထုတ်ထားပါတယ်။ 1000DPI Optical Sensor နဲ့ AAA Battery ထည့်သွင်းထားပါတယ်။ အောက်ခြေမှာ Receiver တပ်ဆင်ထားပါတယ်။ တရုတ်မှာ ၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၂၁,၀၀၀ လောက် ရှိပါတယ်။

Ref : gizmochina

[Zawgyi]

Xiaomi က Wireless Keyboard နဲ႔ Mouse ကို ေၾကညာ

Xiaomi က တရုတ္မွာ Wireless Keyboard နဲ႔ Mouse ကို ေၾကညာလိုက္ပါတယ္။ Plug-and-play အမ်ိဳးအစား ျဖစ္ၿပီး Driver မလိုအပ္ပါဘူး။ Xiaomi ရဲ႕ Wireless Keyboard နဲ႔ Mouse ဟာ ရံုးသံုးဖို႔အတြက္ ရည္ရြယ္ဖန္တီးထားတာ ျဖစ္ပါတယ္။ ပါးလႊာ ေပါ့ပါးတဲ့ ဒီဇိုင္းျဖစ္ၿပီး 2.4GHz Wireless Connection ကို ေထာက္ပံ့ပါတယ္။ စြမ္းအင္စားသံုးတာ သက္သာေစတဲ့ Sleep နည္းပညာ ထည့္သြင္းထားၿပီး ရံုး၀န္ထမ္းေတြရဲ႕ အေထြေထြ လိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီပါတယ္။

Keyboard မွာ 104 Full-size Key Layout ကို အသံုးျပဳထားၿပီး Function Keys , Keypads နဲ႔ Arrow Keys ေတြ အားလံုး ပါ၀င္ပါတယ္။ Fn Composite Keys ေတြ ထည့္သြင္းထားၿပီး အသံ၊ မီဒီယာေတြကို ထိန္းခ်ဳပ္ဖို႔ Fn Key နဲ႔ F1- ~ F12 Key ေတြကို ေပါင္းစပ္ အသံုးျပဳႏုိင္တဲ့ Shortcut Key Functions ေတြ ပါပါတယ္။ ညာဘက္အထက္မွာ Caps Lock, Number Lock နဲ႔ Power Indicator တို႔အတြက္ Indicator Lights ၄ လံုး ထည့္ထားပါတယ္။

Keys ေတြကို ႏွိပ္ရတာ သက္ေတာင့္သက္သာျဖစ္ေအာင္ ဖန္တီးထားပါတယ္။ Keys ေပၚက စာေတြကို ေလဆာနဲ႔ ေရးထြင္းထားတဲ့အတြက္ ၾကာရွည္ခံေစပါတယ္။ Keyboard ရဲ႕ ေအာက္ေျခကို ၆ ဒီဂရီ တိမ္းေစာင္းထားတဲ့အတြက္ အခ်ိန္ၾကာျမင့္စြာ စာရိုက္သူေတြအတြက္ လက္ေညာင္းသက္သာေစပါတယ္။

Mouse ကလည္း ပါးလႊာေပါ့ပါးတဲ့ ဒီဇိုင္း ျဖစ္ၿပီး ၆၀ ဂရမ္သာ အေလးခ်ိန္ရွိပါတယ္။ အရြယ္အစားက သာမာန္ Mouse အရြယ္အစားပဲ ျဖစ္ပါတယ္။ လက္နဲ႔ ကိုင္ရတာ သက္ေတာင့္သက္သာျဖစ္ၿပီး ၿမဲျမံေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။ 1000DPI Optical Sensor နဲ႔ AAA Battery ထည့္သြင္းထားပါတယ္။ ေအာက္ေျခမွာ Receiver တပ္ဆင္ထားပါတယ္။ တရုတ္မွာ ၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၂၁,၀၀၀ ေလာက္ ရွိပါတယ္။

Ref : gizmochina