Xiaomi က နာမည်ကြီး Virtual Reality – VR ကုမ္ပဏီတစ်ခုဖြစ်တဲ့ Oculus နဲ့ ပူးပေါင်းပြီးတော့ Oculus Go နဲ့ အလားတူတဲ့ Mi VR Headset တစ်ခုကို ထုတ်လုပ်လိုက်ပြီပဲဖြစ်ပါတယ်။

အခု Xiaomi က အသစ်ထုတ်လုပ်လိုက်တဲ့ VR Headset ရဲ့ အားသာချက်ကတော့ အဆိုပါ VR Headset နဲ့ ချိတ်ဆက်ပြီး အသုံးပြုဖို့အတွက် စမတ်ဖုန်းမလိုအပ်တာပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခု VR Headset ကိုယ်တိုင်မှာပဲ Qualcomm Snapdragon 821 Processor ပါဝင်နေမှာဖြစ်ပြီးတော့ လုံးဝကိုယ်တိုင်ရောက်နေသလို ခံစားနိုင်အောင်လည်း Oculus ရဲ့ နည်းပညာအသစ် Lenses တွေကို 2K LCD Screen ၂ ခုနဲ့ တွဲဖက်ပေးထားတာဖြစ်ပါတယ်။

အခု Xiaomi Mi VR Standalone Headset မှာ Touchpad နဲ့ Trigger တစ်ခုပါဝင်တဲ့ Motion Controller တစ်ခုပါဝင်မှာဖြစ်ပြီး အသံပိုင်းဆိုင်ရာအတွက်လည်း အထူးကောင်းမွန်တဲ့ Spartial Audio စနစ်ပါဝင်တာပဲဖြစ်ပါတယ်။

အခု Xiaomi Mi VR အသစ်ဟာ ယခင်က Xiaomi ကနေ ထုတ်လုပ်ခဲ့တဲ့ VR Headset တွေနဲ့ ယှဉ်ရင် အဆင့်မြှင့်တင်မှုအများအပြားပြုလုပ်ခဲ့တယ်လို့ ပြောလို့ရပြီးတော့ VR နည်းပညာပိုင်းကို စိတ်ဝင်စားပြီး 3D ရုပ်ရှင်တွေကြည့်ချင်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ VR Headset တစ်ခုလို့ ပြောလို့ရပါတယ်။

Xiaomi ကတော့ အခု VR Headset ရဲ့ ဈေးနှုန်းအတိအကျကိုပြောကြားသွားခြင်းမသိပေမယ့် ယခု Xiaomi VR Headset နဲ့ တူညီတဲ့ Oculus Go VR ကတော့ ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ ရောင်းချတဲ့အတွက် အဆိုပါဈေးထက်တော့ လျော့နည်းမယ်လို့ ခန့်မှန်းရပါတယ်။