[Zawgyi]

Xiaomi က ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက Android Q Beta Program အတြက္ စာရင္းေပးသြင္းခြင့္ျပဳလုပ္ခဲ့ပါတယ္။ အခုေတာ့ သူ႔ရဲ႕ စြမ္းေဆာင္ရည္ျမင့္ Mi 9 အတြက္ Android Q Beta အေျချပဳ MIUI 10 ကို ျဖန္႔ခ်ီေပးလိုက္ပါတယ္။ Beta Program ကို တရုတ္အတြက္သာ ျပဳလုပ္ေပးထားတာ ျဖစ္ပါတယ္။ အဲဒီအတြက္ Update အသစ္ကို လက္ရွိမွာ တရုတ္မွ Mi 9 Users မ်ားကသာ ရရွိပါေသးတယ္။

Update ကို ရရွိဖို႔အတြက္ သင့္ရဲ႕ ဖုန္းဟာ ေနာက္ဆံုးထုတ္ ဗားရွင္းကို တင္ထားရမွာျဖစ္ပါတယ္။ ၿပီးရင္ေတာ့ Update ကို OTA ကေန ရယူႏုိင္ပါတယ္။ ေနာက္တစ္နည္းက Fastboot နည္းလမ္းနဲ႔ ကိုယ္တိုင္ တင္ဖို႔အတြက္ Bootloader ကို Unlock ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ Mi 9 ဟာ Google ထံကေန Android Q Beta Program ကို ဦးစားေပးေထာက္ပံ့တဲ့ ေမာ္ဒယ္မ်ားထဲမွ တစ္ခု ျဖစ္ပါတယ္။

ေရွာင္မီရဲ႕ ေဆာ့ဖ္၀ဲ အဖြဲ႕မွ ဒါရိုက္တာ ျဖစ္သူ Zhang Guoquan က Android Q Beta Testing ရဲ႕ စကရင္ေရွာ့မ်ားကို အြန္လိုင္းမွာ တင္ထားပါတယ္။ Home Screen Icons မ်ားက Android Pie အေျချပဳ MIUI 10 နဲ႔ မ်ားစြာ တူညီပါတယ္။ အဲဒီအတြက္ UI အပိုင္းမွာ ႀကီးမားတဲ့ ကြဲျပားမႈမ်ား မရွိပါဘူး။ Display Options ကေန တိုက္ရိုက္ Enable လုပ္ႏုိင္တဲ့ Dark Mode လည္း ပါပါတယ္။

Android Q မွာ Privacy Features မ်ားကို အဓိကထား ျပဳလုပ္ထားပါတယ္။ User က ေနာက္ကြယ္မွာ Run ေနတဲ့ ဘယ္ App မ်ားက သင့္ရဲ႕ တည္ေနရာကို ရယူႏုိင္သလဲ ဆိုတာ သတ္မွတ္ထားႏုိင္ပါတယ္။ App တစ္ခုက တည္ေနရာ ေဒတာ၊ မိုက္ကရိုဖုန္း၊ ကင္မရာတို႔ကို သံုးေနတယ္ဆိုရင္ Notification Bar မွာ အိုင္ကြန္ကို ျပသထားမွာ ျဖစ္ၿပီး ဘယ္ App က ခြင့္ျပဳခ်က္ကို ရယူေနလဲဆိုတာ သိႏုိင္ပါတယ္။

Ref : time.net

[Unicode]

Mi 9 အတွက် Android Q Beta ကို ဖြန့်ချီပေးလိုက်တဲ့ Xiaomi

Xiaomi က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက Android Q Beta Program အတွက် စာရင်းပေးသွင်းခွင့်ပြုလုပ်ခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ စွမ်းဆောင်ရည်မြင့် Mi 9 အတွက် Android Q Beta အခြေပြု MIUI 10 ကို ဖြန့်ချီပေးလိုက်ပါတယ်။ Beta Program ကို တရုတ်အတွက်သာ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် Update အသစ်ကို လက်ရှိမှာ တရုတ်မှ Mi 9 Users များကသာ ရရှိပါသေးတယ်။

Update ကို ရရှိဖို့အတွက် သင့်ရဲ့ ဖုန်းဟာ နောက်ဆုံးထုတ် ဗားရှင်းကို တင်ထားရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Update ကို OTA ကနေ ရယူနိုင်ပါတယ်။ နောက်တစ်နည်းက Fastboot နည်းလမ်းနဲ့ ကိုယ်တိုင် တင်ဖို့အတွက် Bootloader ကို Unlock ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Mi 9 ဟာ Google ထံကနေ Android Q Beta Program ကို ဦးစားပေးထောက်ပံ့တဲ့ မော်ဒယ်များထဲမှ တစ်ခု ဖြစ်ပါတယ်။

ရှောင်မီရဲ့ ဆော့ဖ်ဝဲ အဖွဲ့မှ ဒါရိုက်တာ ဖြစ်သူ Zhang Guoquan က Android Q Beta Testing ရဲ့ စကရင်ရှော့များကို အွန်လိုင်းမှာ တင်ထားပါတယ်။ Home Screen Icons များက Android Pie အခြေပြု MIUI 10 နဲ့ များစွာ တူညီပါတယ်။ အဲဒီအတွက် UI အပိုင်းမှာ ကြီးမားတဲ့ ကွဲပြားမှုများ မရှိပါဘူး။ Display Options ကနေ တိုက်ရိုက် Enable လုပ်နိုင်တဲ့ Dark Mode လည်း ပါပါတယ်။

Android Q မှာ Privacy Features များကို အဓိကထား ပြုလုပ်ထားပါတယ်။ User က နောက်ကွယ်မှာ Run နေတဲ့ ဘယ် App များက သင့်ရဲ့ တည်နေရာကို ရယူနိုင်သလဲ ဆိုတာ သတ်မှတ်ထားနိုင်ပါတယ်။ App တစ်ခုက တည်နေရာ ဒေတာ၊ မိုက်ကရိုဖုန်း၊ ကင်မရာတို့ကို သုံးနေတယ်ဆိုရင် Notification Bar မှာ အိုင်ကွန်ကို ပြသထားမှာ ဖြစ်ပြီး ဘယ် App က ခွင့်ပြုချက်ကို ရယူနေလဲဆိုတာ သိနိုင်ပါတယ်။

Ref : time.net