[Zawgyi]




Ref : gsmarena

[Unicode]

Xiaomi က 256GB Storage ပါတဲ့ Mi 9 ကို မနက်ဖြန် ရောင်းမည်

Xiaomi က 256GB Storage ပါတဲ့ Mi 9 ကို မနက်ဖြန် တရုတ်မှာ ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ Model မှာ 8GB RAM ပါပါတယ်။ ယွမ် ၃,၂၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၇၀၀,၀၀၀ လောက်ရှိပါတယ်။ အစောဆုံး ဝယ်တဲ့ လူတွေကို ယွမ် ၉၉ ( မြန်မာငွေ ၂ သောင်းလောက်) ရှိတဲ့ 20W Wireless Charger ကို လက်ဆောင်ပေးမှာပါ။

8/256GB Model ဟာ Mi 9 ရဲ့ စတုတ္ထမြောက် Model ဖြစ်လာပါတယ်။ အရင်က Mi 9 အတွက် 6/64 GB, 6/128 GB, or 8/128 GB တွေ ထုတ်လုပ်ပေးထားပါတယ်။ လက်ရှိမှာ 256GB Storage လိုချင်ရင် Mi 9 Explorer သာ ရှိပါတယ်။ Explorer Edition ရဲ့ အနောက်ဘက် ဒီဇိုင်းကလန်းပြီး ဖုန်းအတွင်းပိုင်း ဖောက်ထွင်းမြင်ရပါတယ်။

Mi 9 ကို တရုတ်က အထင်ကရ စတိုးဆိုင်တွေ အားလုံးနဲ့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက် မှာ ဝယ်ယူနိုင်ပါတယ်။ Mi 9 မှာ အလန်းစား Specs တွေ ထည့်သွင်းထားပါတယ်။ Snapdragon 855, 48MP Sony IMX586 Camera, 27W Fast Charging တွေ ပါပါတယ်။ 20W Wireless Charging ကို ထောက်ပံ့ထားပါတယ်။ Lavender Violet, Ocean Blue, Piano Black အရောင် ၃ မျိုး ထုတ်လုပ်ထားပါတယ်။

Ref : gsmarena