Xiaomi SU7 လျှပ်စစ်ကားဟာ တရုတ် နိုင်ငံမှာ ထိန်းချုပ် မရတော့ဘဲ ယာဉ်တိုက်မှု ဖြစ်ပွားပြီး လူ ၁ ယောက် သေဆုံးကာ လူ ၃ ယောက် ဒဏ်ရာရသွားတယ်လို့ တရုတ် မီဒီယာတွေက ရေးသားနေကြပါတယ်။ Xiaomi က ကားရဲ့ Error မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

Xiaomi SU7 may remain exclusive to China - ArenaEV

ဒီနှစ် ဇွန်လ ၇ ရက်နေ့မှာ Xiaomi က ဒီဖြစ်ရပ်ကို သိထားပြီး ရဲဌာနနဲ့ ပူးပေါင်းကာ စုံစမ်းစစ်ဆေးနေတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ တရုတ် မီဒီယာတွေက SU7 ဟာ ကားပါကင်ကနေ ထွက်ခွာသွားတဲ့အချိန်မှာ ထိန်းချုပ်လို့ မရတော့ဘဲ တခြားကားတွေကို ဝင်တိုက်ခဲ့တယ်လို့ ရေးသားနေကြပါတယ်။

Xiaomi SU7 official interior details and winter testing

Xiaomi က ကားရဲ့ Error မဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ Xiaomi က ရဲဌာနဟာ ကားရဲ့ ဒေတာတွေကို ရယူသွားပြီး စစ်ဆေးကြည့်တဲ့အခါ ကားဟာ မတော်တဆမှု ဖြစ်တဲ့အချိန်မှာ Error မရှိဘူးလို့ တွေ့ရှိကြောင်း ပြောပါတယ်။ ကားရဲ့ ဘရိတ်နဲ့ လီဗာတွေဟာ ကောင်းမွန်နေတယ်လို့ ပြောပါတယ်။

Xiaomi က သက်သေ အထောက်အထား မရှိဘဲ “ ကားကို ထိန်းချုပ်မရခဲ့ဘူး” ၊ “ ဘရိတ် ပျက်ဆီးသွားတယ် “ ဆိုတဲ့ အရေးအသားတွေကို ရှောင်ရှားဖို့ တရုတ် မီဒီယာတွေကို ပြောကြားလိုက်ပါတယ်။ Xiaomi က ကားပိုင်ရှင်နဲ့ အခင်းဖြစ်ရာမှာ ပါဝင်သူတွေနဲ့ ပူးပေါင်းကာ ယာဉ်တိုက်မှု အကြောင်းအရင်းကို စုံစမ်းမယ်လို့ ပြောပါတယ်။

Ref : gizmochina