Xiaomi SU7 လျှပ်စစ်ကားရဲ့ ပထမဆုံး မတော်တဆမှုရဲ့ ဓါတ်ပုံတွေ အွန်လိုင်းမှာ ထွက်ပေါ်လာပါတယ်။ Xiaomi SU7 လျှပ်စစ်ကားဟာ အဖြူရောင် မာစီးဒီး ကားနဲ့ တိုက်မိတာ  ဖြစ်ပါတယ်။

ကား ၂ စီးလုံးဟာ တော်တော် ပျက်ဆီးသွားတာကို မြင်ရပါတယ်။ မာစီးဒီး ကားရဲ့ ညာဘက် မီးလုံးဟာ လုံးဝ ကွဲကြေသွားပြီး အရှေ့ Bumper လည်း ပုံပျက်သွားပါတယ်။ Xiaomi  SU7 ရဲ့ ညာဘက်ခြမ်းနဲ့ တံခါး ၂ ခုလည်း ပျက်ဆီးသွားပြီး လေအိတ်ပွင့်သွားပါတယ်။

One of the first accidents of the Xiaomi SU7 electric car in China - Xiaomi Planet

တရုတ်မှ နာမည်ကြီး လူမှုကွန်ရက်မှာ ထင်ရှားသူ Big Lizi Qiqili က Xiaomi SU7 ကား ပိုင်ရှင်ဟာ သူ ဖြစ်ပြီး ယာဉ်တိုက်မှု ဖြစ်တဲ့အချိန်မှာ သူ့ သူငယ်ချင်းက ဗီဒီယို ရိုက်ထားနိုင်တယ်လို့ ပြောပါတယ်။ သူက မီးပွိုင့် အမှားကြောင့် ဖြစ်ပြီး ကား ၂ စီးလုံးအတွက် မီးစိမ်းနေတဲ့အတွက် အခုလို တိုက်မိတာလို့ ပြောပါတယ်။

သူက ကားတိုက်မှုဖြစ်ပြီးနောက်မှာ Xiaomi SU7 ရဲ့ အနောက်ဘက် Panel ဟာ အကောင်းအတိုင်း ရှိနေပြီး ကားတံခါးလက်ကိုင်တွေဟာ အသုံးပြုလို့ရသေးတယ်လို့ ပြောပါတယ်။ ကားတိုက်မှုမှာ ယာဉ်မောင်းတွေဟာ အသေးစား ဒဏ်ရာတွေပဲရခဲ့ပါတယ်။

Ref : gizmochina