Xiaomi ကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မကုန်ခင်တုန်းက သူရဲ့ Android One OS ကို အသုံးပြုထားတဲ့ Xiaomi Mi A1 စမတ်ဖုန်းကို Android Version 8.0 Oreo ကို Update ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Xiaomi Mi A1 စမတ်ဖုန်းကို ထုတ်ပေးထားခဲ့တဲ့ Android 8.0 Oreo Update ကိုပြန်ပြီး ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ အခုလိုမျိုး ရပ်ဆိုင်းလိုက်တာဟာ ယခု Android 8.0 Version Update ဟာ Applications တွေကို သုံးနေရင်းရပ်သွားတာ၊ Battery က သိသိသာသာစားနေတာ စတဲ့ Error တွေအများအပြားတက်နေတာကြောင့်ဖြစ်ပါတယ်။

Xiaomi ကတော့ အမြန်ဆုံးပြန်လည်ပြီးတော့ အခု Error တွေကို ဖြေရှင်းပြီး Android 8.0 Oreo Update ကိုပြန်ထုတ်ပေးမယ်လို့ ပြောကြားထားတယ်လို့လည်း သိရပါတယ်။ အခုလိုမျိုး ဖြစ်နေတဲ့ Error တွေထဲမှာ Fingerprint Gestures အလုပ်မလုပ်တော့တာနဲ့ Bluetooth ဖွင့်ထားတဲ့အချိန်မှာ Battery သိသိသာသာစားနေတာတွေပါဝင်တယ်လို့ သိရပါတယ်။

Xiaomi Mi A1 ကိုင်နေတဲ့သူတွေလည်း သုံးရတာအဆင်မပြေဘူးဆိုရင် ဖုန်းထဲမှာပါဝင်တဲ့ Mi Community Forum App ကနေ ပြန်ပြီး Report ပြုလုပ်လို့ရတယ်လို့ သိရပါတယ်။