[Zawgyi]

Xiaomi ရဲ႕ ဂိမ္းအသားေပး စမတ္ဖုန္း ဘရန္း Black Shark က ဒုတိယမ်ိဳးဆက္ စမတ္ဖုန္းရဲ႕ ေမာ္ဒယ္ အသစ္ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ ကုမၸဏီက  တရုတ္မွာ သူ႔ကို  ဇူလိုင္လ ၃၀ မွာ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ သူ႔ရဲ႕ အမည္က Black Shark 2 Pro ျဖစ္ႏုိင္ပါတယ္။ အခုေတာ့ ကုမၸဏီက ၀ီဘိုမွာ သူ႔ရဲ႕ Teaser Image တစ္ခုကို တင္လိုက္ပါတယ္။ ဓါတ္ပံုမွာ သူ႔ရဲ႕ အေနာက္ဘက္ ဒီဇိုင္းကိုသာ ျပသထားပါတယ္။

ေဒါင္လိုက္ မ်ဥ္းႏွစ္ေၾကာင္းကလြဲၿပီး သူ႔ရဲ႕ အျပင္ဘက္ ဒီဇိုင္းဟာ လက္ရွိ ေရာင္းခ်ထားတဲ့ Black Shark 2 နဲ႔ တူပါတယ္။ အဲဒီ မ်ဥ္းႏွစ္ေၾကာင္းဟာ Black Shark 2 ရဲ႕ ေထာင့္ကေန ေနရာေျပာင္းထားတဲ့ Customize လုပ္ႏိုင္တဲ့ LED Bars ေတြ ျဖစ္မယ္လို႔ ထင္ပါတယ္။ Black Shark 2 Pro ရဲ႕ အေနာက္ဘက္မွာ RBG “S” Logo ကို ဆက္သံုးထားမယ္လို႔ ယူဆရပါတယ္။

Geekbench ရဲ႕ စမ္းသပ္မႈ ရလဒ္မွာ Black Shark 2 Pro ဟာ Multi-score Test မွာ ၁၁ ၃၀၄ မွတ္ရထားၿပီး 12GB RAM ပါမယ္လို႔ သိရပါတယ္။ Snapdragon 855 Plus ပါမယ္လို႔လည္း ေဖာ္ျပထားပါတယ္။ Qualcomm ရဲ႕ Processor အသစ္ဟာ CPU အပိုင္းမွာ ၄.၂ ရာခိုင္ႏႈန္းနဲ႔ GPU အပိုင္းမွာ ၁၅ ရာခုိင္ႏႈန္း ပိုေကာင္းလာမယ္လို႔ ေျပာထားပါတယ္။ Black Shark 2 Pro မွာ အျခား ဘာေတြ ေျပာင္းလဲထားမလဲ ဆိုတာ မသိရေသးပါဘူး။ ဇူလိုင္လ ၃၀ မွာ သူ႔ကို တရုတ္မွာ ေၾကညာတာနဲ႔ MyTech Myanmar ရဲ႕ စာဖတ္သူေတြအတြက္ တင္ဆက္ေပးမွာပါ။

Ref : gsmarena

[Unicode]

Xiaomi က Black Shark 2 Pro ရဲ့ Teaser Image ကို ပြသ

Xiaomi ရဲ့ ဂိမ်းအသားပေး စမတ်ဖုန်း ဘရန်း Black Shark က ဒုတိယမျိုးဆက် စမတ်ဖုန်းရဲ့ မော်ဒယ် အသစ်ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက တရုတ်မှာ သူ့ကို ဇူလိုင်လ ၃၀ မှာ ကြေညာမယ်လို့ ပြောထားပါတယ်။ သူ့ရဲ့ အမည်က Black Shark 2 Pro ဖြစ်နိုင်ပါတယ်။ အခုတော့ ကုမ္ပဏီက ဝီဘိုမှာ သူ့ရဲ့ Teaser Image တစ်ခုကို တင်လိုက်ပါတယ်။ ဓါတ်ပုံမှာ သူ့ရဲ့ အနောက်ဘက် ဒီဇိုင်းကိုသာ ပြသထားပါတယ်။

ဒေါင်လိုက် မျဉ်းနှစ်ကြောင်းကလွဲပြီး သူ့ရဲ့ အပြင်ဘက် ဒီဇိုင်းဟာ လက်ရှိ ရောင်းချထားတဲ့ Black Shark 2 နဲ့ တူပါတယ်။ အဲဒီ မျဉ်းနှစ်ကြောင်းဟာ Black Shark 2 ရဲ့ ထောင့်ကနေ နေရာပြောင်းထားတဲ့ Customize လုပ်နိုင်တဲ့ LED Bars တွေ ဖြစ်မယ်လို့ ထင်ပါတယ်။ Black Shark 2 Pro ရဲ့ အနောက်ဘက်မှာ RBG “S” Logo ကို ဆက်သုံးထားမယ်လို့ ယူဆရပါတယ်။

Geekbench ရဲ့ စမ်းသပ်မှု ရလဒ်မှာ Black Shark 2 Pro ဟာ Multi-score Test မှာ ၁၁ ၃၀၄ မှတ်ရထားပြီး 12GB RAM ပါမယ်လို့ သိရပါတယ်။ Snapdragon 855 Plus ပါမယ်လို့လည်း ဖော်ပြထားပါတယ်။ Qualcomm ရဲ့ Processor အသစ်ဟာ CPU အပိုင်းမှာ ၄.၂ ရာခိုင်နှုန်းနဲ့ GPU အပိုင်းမှာ ၁၅ ရာခိုင်နှုန်း ပိုကောင်းလာမယ်လို့ ပြောထားပါတယ်။ Black Shark 2 Pro မှာ အခြား ဘာတွေ ပြောင်းလဲထားမလဲ ဆိုတာ မသိရသေးပါဘူး။ ဇူလိုင်လ ၃၀ မှာ သူ့ကို တရုတ်မှာ ကြေညာတာနဲ့ MyTech Myanmar ရဲ့ စာဖတ်သူတွေအတွက် တင်ဆက်ပေးမှာပါ။

Ref : gsmarena