Xiaomi ဟာ လက်ရှိအချိန်မှာ Xiaomi 13 Series ကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Xiaomi 13 Series ဖုန်းတွေမှာ Xiaomi 13 နဲ့ Xiaomi 13 Pro ဖုန်းတွေပဲ ပါဝင်ပြီးတော့ မနှစ်တုန်းက Xiaomi 12S Ultra ရဲ့ မျိုးဆက်သစ် Xiaomi 13 Ultra ဖုန်းပါဝင်ခြင်းမရှိသေးပါဘူး။

အခုလည်း 91Mobiles ရဲ့ ဖော်ပြချက်အရ Xiaomi ဟာ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ Bercelona မှာ ပြုလုပ်သွားမယ့် Mobile World Congress (MWC) 2023 Event မှာ စမတ်ဖုန်းအသစ်တစ်မျိုးကို မိတ်ဆက်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် Xiaomi 13 Ultra ဖုန်းကို MWC Event မှာ တရားဝင်မြင်တွေ့ရဖွယ်ရှိနေပါတယ်။

91Mobiles ကနေ အဆိုပါ စမတ်ဖုန်းအသစ်နဲ့ပတ်သက်ပြီး အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိပေမယ့် Leica Camera Setup ကို အသုံးပြုထားမှာဖြစ်သလို Main Camera ကလည်း 1-inch Sensor အမျိုးအစားဖြစ်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ကျိန်းသေ Flagship ဖုန်းတစ်လုံးဖြစ်လာဖို့ကတော့ သေချာနေပါတယ်။

တစ်ခုရှိတာက မနှစ်တုန်းက Xiaomi 12S Ultra ဖုန်းဟာ Global စျေးကွက်အတွက် မိတ်ဆက်ခဲ့ခြင်းမရှိဘဲ တရုတ်နိုင်ငံမှာပဲ ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် MWC Event မှာ Xiaomi 13 Ultra ကို Global စျေးကွက်မှာ စတင်မိတ်ဆက်လာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Xiaomi ဟာ MWC Event မှာ Xiaomi Pad 6 နဲ့ Xiaomi Pad 6 Pro Tablet အသစ်တွေကိုလည်း မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Xiaomi Pad 6 ဟာ Qualcomm Snapdragon 870 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး Xiaomi Pad 6 Pro က Snapdragon 8+ Gen 1 Chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

Ref – GSM Arena